တောင်ကြီးမြို့တွင် မီးပုံးပျံပြုလုပ်ရာမှ မီးလောင်မှုဖြစ်ပွား



တောင်ကြီးမြို့တွင် မီးပုံးပျံပြုလုပ်ရာမှ မီးလောင်မှုဖြစ်ပွား
တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ပါဝင်ဆင်နွှဲဖို့ ကြိုတင်ပြင်ဆင်နေတဲ့ မီးပုံးပျံတစ်လုံးဟာ စက်တင်ဘာ(၂)ရက် မွန်းလွဲ(၁)နာရီက ယမ်းပိုင်းဆိုင်ရာပြင်ဆင်နေရင်း မီးလောင်မှုဖြစ်ပွားတယ်လို့ သိရပါတယ်။

 အဲဒီမီးပုံးပျံကို ကန်အောက်ရပ်ကွက်၊ နှင်းဆီလမ်းက အိမ်တစ်အိမ်မှာပြုလုပ်တာဖြစ်ပြီး မီးပုံးပျံရဲ့ နာမည်က(တောင်ကြီးမီး)ဆိုတဲ့ မီးပုံးပျံဖြစ်တယ်လို့ သိရပါတယ်။

 မီးလောင်မှုကို သက်ဆိုင်ရာရပ်ကွက်နေပြည်သူတွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ နယ်မြေရဲစခန်းမှတာဝန်ရှိသူတွေက မီးသတ်ယာဉ်(၈)စီး၊ ရေသယ်ယာဉ်(၂)စီးနဲ့ ငြိမ်းသတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ်(၂၈)သိန်းဖိုးခန့်ရှိခဲ့ပြီး အခြားနေအိမ်တွေကို ကူးစက်လောင်ကျွမ်းခဲ့တာမရှိဘူးလို့ တောင်ကြီးမြို့နယ် မီးသတ်ဦးစီးမှူးဦးကျော်ကိုကိုက ပြောပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မီးပုံးပျံရဲ့မီးဆရာကို တောင်ကြီးမြို့မ၊ အမှတ်(၁)ရဲစခန်းက မီးပေါ့ဆမှုနဲ့ အရေးယူဆောင်ရွက်မှုတွေပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။ ဒီသတင်းကို တောင်ကြီးဗျူရိုက ဇော်မိုးဦးနှင့်သန်းထိုက်အောင်တို့ ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.