မန္တလေးပေါက်ကွဲမှုဟာ ကြိုတင်စီမံပြီး ဖောက်ခွဲတဲ့အမှုဖြစ်တယ်လို့ အစိုးရထုတ်ပြန်



မန္တလေးမြို့မှာ စက်တင်ဘာလ ၂၈ ရက်နေ့ညက ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ ဆိုင်ကယ်တစ်စင်းကို တွေ့ရစဉ်။ ဓါတ်ပုံ - နေဝမ်းထွန်း ဖေ့စ်ဘွတ်
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၇၄ လမ်းနဲ့ ၂၈ လမ်းဒေါင့်မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုဟာ ကြိုတင် စီမံထားတဲ့ အချိန်ကိုက်ဖောက်ခွဲမှုဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ စစ်ဆေးတွေ့ရှိချက်တွေအရ ဒီဖြစ်စဉ်ဟာ လက်ကိုင်ဖုန်းကို အသုံးပြုပြီး ဖောက်ခဲ့ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ဖောက်ခွဲမှုဖြစ်စဉ်ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်တင် က ပြောပါတယ်။

မနေ့ည စက်တင်ဘာလ ၂၈ ရက်နေ့ ည ၉ နာရီခွဲခန့်က ချမ်းအေးသာစံမြို့နယ် ၇၄ လမ်းနဲ့ ၂၈ လမ်းဒေါင့်က သုံးဆယ်ဝင်းဓမ္မာရုံ ဘုရားပွဲအနီးမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဘုရားပွဲလာသူတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိ ခဲ့ကာ ဆိုင်ကယ် ၁ စီး ပျက်စီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒဏ်ရာရရှိသူ ဦးဇော်ဟိန်း ကိုတော့ မန္တလေးပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနမှာ ဆေးကုသမှု ခံယူနေပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှတ် ၈ မြို့မရဲစခန်းက ပေါက်ကွဲစေတတ်သောသတ္တုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ အရ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။

အခုလိုပေါက်ကွဲမှုဖြစ်စဉ်ကြောင့် မန္တလေးတိုင်းအတွင်းမှာရှိတဲ့ လူစည်ကားရာနေရာတွေဖြစ်တဲ့ ဘုရားပွဲ၊ ကျောင်း၊ ဈေးနဲ့ ကားဂိတ်၊ ရထားဘူတာတွေမှာ လုံခြုံရေး တိုးမြှင့်ချထားမယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့က ဒီကနေ့ ထုတ်ပြန်ကြောငြာခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.