ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်လှူဒါန်းစဉ် အကြမ်းဖက်သမားများထောင်ထားသည့် မိုင်းတွေ့ရှိသဖြင့် လမ်းမှလှည့်ပြန်ခဲ့ရ


မောင်တော ၊ စက်တင်ဘာ ၃

မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် ပိတ်မိနေသည့် ဒေသခံများအတွက် သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ရန် သွားရောက်ခဲ့စဉ် လမ်းတွင် အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းတွေ့ရှိသဖြင့် လှည့်ပြန်လာခဲ့ရကြောင်း သိရသည်။

“ ကျွန်တော်တို့ ၁၁ နာရီကျော်အချိန်မှာ ကြိမ်ချောင်းကျေးရွာကိုသွားတာ၊ တပ်မတော်စစ်ကြောင်းနဲ့ အတူသွား တာပေါ့။ အဲဒီမှာ စစ်ကြောင်းကားက ရပ်ပြီးတော့ ရှေ့မှာမိုင်းရှိတယ်ဆိုပြီးတော့ ပြောတယ်။ သူတို့က ရှေ့မှာမိုင်းတွေကို ရှင်းနေတယ်။ အဲဒီမှာ တပ်က ကျွန်တော်တို့ကို အဲဒီဒေသမှာ အခြေအနေမမှန်တဲ့အတွက် ကျွန်တော်တို့ကို ပြန်လွှတ်လိုက်တာပါ။ ” ဟု သင်္ဂဟကမ်းလက်ရက္ခတိအဖွဲ့မှ ကူညီကယ်ဆယ်ရေးသွားရောက်ခဲ့သူ ကိုအမ်းသားကြီး က ပြောသည်။

အဆိုပါ မိုင်းကို မောင်နှမကြီးဘင်္ဂါလီကျေးရွာအနီးမှာ တွေ့ရှိခဲ့ရခြင်းဖြစ်ကာ ARSA အကြမ်းဖက်ဘင်္ဂါလီများက ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန်နှင့် တပ်မတော်စစ်ကြောင်းများ တက်မလာနိုင်စေရန် မိုင်များကို ထောင်ထားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ချလူးအောင် / DMG
Development Media Group
https://www.facebook.com/dmgnewsagency/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.