မြန်မာပြည်မှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေတကယ်ရှိသလား သရ၀ဏ်(ပြည်)


မြန်မာနိုင်ငံတွင်အစ္စလာမ်ဘာသာဝင်များကို လူမျိုးတုန်းသတ်ဖြတ်မှုများရှိနေသည် ဟူသောစွပ်စွဲချက်မှာ ခုတစ်လော ပြန်၍ခေါင်းထောင်ထလာပေသည် ။ စွပ်စွဲသူများကတော. ထုံးစံအတိုင်း ဘင်္ဂလီများနှင်.လက်ဝါးချင်းရိုက်ထားသည် . အနောက်တိုင်းမီဒီယာများ၊အစ္စလာမ်နိုင်ငံအချို့ နှင့်ဘင်္ဂလီတို့ဘက်မှဆတ်ဆတ်ခါနာပြနေကြသောနိုင်ငံတကာ မီဒီယာများဖြစ်သည် ။

“မူဆလင်တွေကို နင်တို.ဘာလို.သတ်နေကြတာလဲ “

ဟူသောစကားကို တိုးရစ်တစ်ဦးကကျွန်တော်.ကိုမေးဖူးသည် ။ ထိုတိုးရစ်သည် မလေးရှားမှလာသော အစ္စလာမ်ဘာသာဝင် အဒေါ်ကြီးတစ်ယောက်ဖြစ်သည် ။အသက် (၆၀)ခန်.ရှိပါသည် ။ သူကထိုစကားကို ရန်ကုန်လေဆိပ်သို. ရောက်လာပြီး ဟိုတယ်သို.သွားနေစဉ် မြန်မာပြည်ရောက်ရောက်ခြင်းမေးခြင်းဖြစ်သည် ။ ကျွန်တော် က မြန်မာနိုင်ငံတွင် မူဆလင် ဟူ၍ သီးခြားပစ်မှတ်ထားကာ တိုက်ခိုက်နေခြင်းမျိုးမဟုတ်ကြောင်း ။ ပဋိပက္ခဖြစ်နေသောနေရာအချို.တွင် ဒေါသအလျောက် အုပ်စုနှစ်စု အပြန်အလှန်တိုက်ခိုက်ကြသည်တော.ရှိကြောင်း ။မြန်မာလုံခြုံရေးရဲကင်းများကိုဘင်္ဂလီများကအကြမ်းဖက်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ရခြင်း ၊တပ်မတော်မှနယ်မြေရှင်းလင်းရေးစစ်ဆင်ရေးဝင်ရခြင်းများတော့ရှိကြောင်း သို.သော် နိုင်ငံခြားကလူများထင်နေသလို တစ်နိုင်ငံလုံးတွင် မူဆလင်များကိုတွေ.ရာသင်္ချိုင်း ဓါးမဆိုင်းဆိုသလို လိုက်လံထိုးခုတ်သတ်ဖြတ်နေခြင်း မရှိပါကြောင်း ။ မူဆလင်များမှာ နေ.စဉ်ဘ၀ကိုပုံမှန်သွားလာရောင်းဝယ်ဖောက်ကားနေကြသည်ကိုမြင်နိုင်ပါကြောင်း ၊ကျွန်တော်.တွင်လည်းမူဆလင်မိတ်ဆွေများရှိကြောင်းပြောပြလိုက်ပါသည် ။သိပ်တော.ကြေနပ်ပုံမရပါ ။ သူတို.သည် အမျိုးသမီးနှစ်ဦး လာလည်ကြခြင်းဖြစ်၍ တစ်ယောက်မှာ ဂျူးဘာသာဝင်ဖြစ်ပြီး နောက်တစ်ယောက်မှာအစ္စလာမ်ဘာသာဝင်ဖြစ်ပါသည် ။ ထို.နောက်ကျွန်တော်သည် ဆူးလေဘုရားလမ်းသို.သွားကာ ဆူးလေဘုရားနှင်.ကပ်လျက်တည်ရှိနေသည်. ဆွန်နီဂျာမေ ဘင်္ဂလီ ဗလီ ရှေ.မှ ကားမောင်းကာ ပြလိုက်ပါသည် ။ ထိုအခါ Naaznin Jetha Ismail ဆိုသောမူဆလင်အမျိုးသမီးသည် ဗလီကိုစိတ်ဝင်စားစွာကြည်.ပါသည်။ရန်ကုန်မြို.လည်ကောင်တွင်ဗလီတစ်ခုခန်.ခန်.ညားညားတည်ရှိနေတာကိုစိတ်ဝင်စားသွားပုံရသည် ။အထူးသဖြင်. ဗုဒ္စဘာသာ စေတီပုထိုးတစ်ခုနှင်. အစ္စလာမ်ဗလီတစ်ခု မျက်နှာချင်းဆိုင်နီးကပ်စွာရှိနေတာကိုအံ.သြသွားပုံရသည် ။ ဗလီထဲမှထွက်လာသော အစ္စလာမ်ဘာသာဝင်များကိုလည်း သူတို.၀တ်ရုံများ ဦးထုပ်များဆောင်းလျက်တွေ.ရသောကြောင်.သေသေချာချာ စိုက်ကြည်.နေပါသည် ။

“ မြင်တယ်မို.လား မူဆလင်တွေ သူယုံကြည်ရာ ဘာသာကိုအေးအေးဆေးဆေးဝတ်ပြုနေတာပဲ ဘယ်သူတွေကသတ်နေလို.လဲ “

ဟုကျွန်တော်ကပြောလိုက်သည် ။
“ ရန်ကုန်မှာ ဒီလို ဗလီတွေရှိသေး လား “ ဟု အမျိုးသမီးကြီးကမေးသည် ။

“အန်တီကြီးနာဇင်းကို တစ်ခုပြချင်တယ် ။အဲဒါက ရန်ကုန်မြို.လည်ကောင်ရဲ.လမ်းတစ်လမ်းပဲ ။အဲဒိလမ်းမှာ ဗုဒ္စဘာသာ ဘုရားတစ်ဆူမှ မရှိသလို ၊ ဘုန်းကြီးကျောင်းလည်း တစ်ကျောင်းမှမရှိပါဘူး ။ဒါပေမယ်. ဗလီ ဘယ်နှစ်လုံးရှိနေလဲဆိုတာလိုက်ကြည်.လှည်.ပါဦး “

ထို.နောက်သူတို.နှစ်ယောက်ကို ကျွန်တော် ရွှေဘုံသာလမ်း သို.ခေါ်သွားပါသည် ။ ထိုအခါ အစိမ်းရောင်ခြယ်သထားသော အလွန်ကြီးမားသည်.(စူရ်တီ ဗလီ) ကိုစတွေ.ပါသည် ။ လမ်းဘေးတွင်လည်း ကျောက်ပွဲစားဖြစ်ဟန်တူသော မုတ်ဆိတ်ဖားများသည် လမ်းဘေးလက်ဘက်ရည်ဆိုင်များတွင်ထိုင်ကာ လက်ဘက်ရည်သောက်သူသောက် ၊စကားပြောသူပြော ၊ ကျောက် အရောင်းအ၀ယ်လုပ်သူကလုပ်ဖြင်. အေးအေးလူလူ ရှိနေကြပါသည် ။ မည်သူတစ်ဦးတစ်ယောက်မျှ ဗုဒ္စဘာသာဝင်တွေကလာသတ်မှာစိုးသောကြောင်. ထပြေးရန် အသင်.ပြင်ထားကြပုံမျိုးမတွေ.ရပါ ။ တုတ် ၊ဒါး၊လက်နက် ကိုင်ဆောင်ထားသူများကိုလည်းမတွေ.ရပါ ။ ထို.နောက် ဆက်လျှောက်ရာဗလီကြီးနောက်တစ်လုံးထပ်တွေ.ပါသည် ။ နာရ်စာပူရီဗလီ(ခေါ်) မိုဃ်းကျဗလီဖြစ်ပါသည်။ ထိုဗလီ ရှေ.တွင်လည်း မူဆလင်များမှာအေးချမ်းစွာသွားလာဝင်ထွက်နေကြပါသည် ။ရွှေဘုံသာလမ်းအထက်ဘလောက်သို. နောက်ထပ်နည်းနည်းဆက်သွားတော.စိုင်ဖီ (Saifee) ဗလီကိုတွေ.ပါသည် ။ ထိုမျှနှင်.မပြီးသေး ရွှေဘုံသာလမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းသို.ကွေ.သောလမ်းထောင်.တွင် ကျိုလီယာမွတ်ဆလင် ဒါရ်ဂါဗလီဟူ၌တွေ.ရပြန်ပါသည် ။ လမ်းပေါ်တွင် မူဆလင်အမျိုးသားမြောက်များစွာသာမက ၊ ခေါင်းကိုလုံအောင်ခြုံထားသောမူဆလင်အမျိုးသမီးများကိုလည်း များစွာတွေ.ရှိရပါသည် ။ထိုအခါ ကျွန်တော်.ဧည်.သည် တိုးရစ်အမျိုးသမီးကြီးသည် မြန်မာနိုင်ငံတွင် လူတိုင်းသည် လွတ်လပ်စွာကိုးကွယ်ခွင်.ရှိပြီး မူဆလင်များဘေးအန္တရာယ် ကျရောက်နေခြင်းမရှိကြောင်း ထိုအမျိုးသမီးကြီးယုံကြည်သွားပါသည် ။ ဂျူး ဘာသာဝင်ဖြစ်သူ Ms Lom Schelew ကတော. ဂျူးဘုရားကျောင်းကို သွားကြည်.ချင်သည်ဆိုသဖြင်. ရန်ကုန်မြို. ၂၆ လမ်း ရှိ Moseah Yeshua Synagouge သို.လိုက်ပို.ရာသူအလွန်သဘောကျသွားပါသည် ။ ကျွန်တော် သူတို.ကို မေးခွန်းတစ်ခုပဲမေးလိုက်ပါသည် ။ထိုမေးခွန်းမှာ ရန်ကုန်မြို.လည်ကောင်တွင် ရွှေဘုံသာလမ်းတစ်လမ်းထဲ၌ ဗလီ သုံး၊လေးလုံးရှိသလို အီရန်တို.၊တူရကီတို့၊ ၊ဆော်ဒီအာရေဗီးယား တို. အာဖဂန်နစ္စတန်တို.တွင် မြို.လည်နေရာကောင်း၌ ဗုဒ္စဘာသာ ဘုရားစေတီသုံးလေးဆူလာတည်မည်ဆိုလျင်ထိုနိုင်ငံမှမူဆလင်များသည်ကျွန်တော်တို.လိုသဘောထားကြီးကြီးထားကာလက်ခံနိုင်ပါ.မလား ။အေးအေးဆေးဆေး ကိုးကွယ်ဝတ်ပြုလို.ရနိုင်ပါ.မလားဟူသောမေးခွန်းဖြစ်သည် ။

တကယ်တော.မြန်မာနိုင်ငံလောက် ဘာသာရေးနှင်.လူမှုရေး၌ လွတ်လပ်ခွင်.ရှိသောနိုင်ငံ အတော်ရှားပါသည် ။မြန်မာလောက်သဘောကောင်းသောနိုင်ငံအတော်ရှားပါသည်။ မာလာလာတို့ပါကစ္စတန်နိုင်င့တွင် တွင် အမျိုးသမီးများအား ပညာသင်ခွင်.ပိတ်ပင်ထားချိန်တွင် မြန်မာနိုင်ငံ၌ ကျားမ,မရွေး ၊ဘာသာမရွေး ပညာသင်ကြားခွင့်ရှိသည် ။ နိုင်ငံအနှံ.အပြားတွင် ခရာဇ်ယာန်ဘုရားကျောင်းများ ၊ ဗလီများ ၊ အစ္စလာမ် ဘာသာရေးကျောင်းများ ၊ဟိန္ဒူဘုရားကျောင်းများ ၊ နတ်ကွန်းများ တော်တော်များများရှိနေသည် ။ အချို.ဘာသာဝင်များ၏ ဘာသာရေးကြွေးကြော်ဆုတောင်းသံများမှာ လော်စပီကာမှတစ်ဆင်.ပင်ကျယ်လောင်စွာရွတ်ဆိုနေကြသော်လည်း မည်သူကမျှ အနှောက်အယှက်မပေးကြပါ ။ ပါဏာတိပါတ် သူ.အသက်သတ်ခြင်းကို ရှောင်ကျဉ်အပ်ကြောင်း ဟောပြောပို.ချသည်.ဒေသနာထွန်းကားရာနိုင်ငံ ၊ နွားနှင်.ဖက်၍ ရုန်းနေကြရသော စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံ၌ တစ်နှစ်တစ်ကြိမ် နွားသတ်၍ ပူဇော်ပွဲကြီးကိုပင် တရားဝင် ပြုလုပ်ခွင်.ပေး၍ အများပြည်သူအားလပ်ရက်အဖြစ် တရားဝင် သတ်မှတ်ပေးထားပါသည် ။ ထိုမျှ သဘောကောင်း၍ ဘာသာရေးလွတ်လပ်သောနိုင်ငံမှာ ယခုအခါ သူခိုးကလူဟစ်လျက် ပြောင်းပြန်တံဆိပ်ကပ်ခံနေရပါသည် ။ သူတို.ပြောသည်ကား လူမျိုးတုန်းသတ်ဖြတ်ခြင်း ဟူသတည်း ။
လူမျိုးတုန်းသတ်ဖြတ်ခြင်း ( Genocide ) ကို Cambridge Advanced Learner’s Dictionary တွင် “ the murder of a whole group of people ,especially a whole nation ,race or religious group “ ဟု ဖွင်.ဆိုထားပေ၏ ။ နိုင်ငံတစ်နိုင်ငံလုံး ၊ လူမျိုးနွယ်စုတစ်စုလုံး ၊ ဘာသာရေး အဖွဲ.တစ်ခုလုံး ပြုတ်ပြုတ်ပြုန်းအောင် သတ်ဖြတ်သော လူသတ်မှု ဟူ၍ အနက်ပြန်ရပေမည် ။ ထိုအဓိပါယ်အရဆိုလျင် တောမှာဖြစ်စေ မြို.မှာဖြစ်စေ ဘာသာဝင်အုပ်စုတစ်စုအစပျောက်သွားအောင် အုပ်စုလိုက်နေရာမရွေးသတ်ဖြတ် မှုကိုဆိုလိုသည်ဖြစ်ရာ မြန်မာနိုင်ငံ၌ ထိုသို. တစ်နိုင်ငံလုံးဖြစ်နေခြင်းမဟုတ်ကြောင်းထင်ရှားပေသည် ။ဗလီထဲမှအေးအေးလူလူထွက်လာသော ၊ လမ်းဘေး၌ အေးအေးလူလူလက်ဘက်ရည်ထိုင်သောက်နေသည်. မူဆလင်လူ.အဖွဲ.အစည်း ရှိနေခြင်းကိုက သူတို.ပြောသော Genocide ဆိုသည်မှာ အဘယ်သို.ဖြစ်နိုင်တော.မည်နည်း ။ ဤကိစ္စနှင်.ပါတ်သက်၍ ကျွန်တော်.အသိ ဧည်.လမ်းညွှန်တစ်ယောက်ပြောသည်မှာ လူမျိုးတုန်းမသတ်ဖြတ်လို. ဒီလူတွေရှိနေတာပေါ. ၊ တကယ်သတ်နေရင် ဘယ်လိုလုပ်ပြီးတွေ.နေမြင်နေရဦးမှာလဲ ။ စွတ်စွဲတဲ.လူတွေကလည်း ဒါလောက်တော.သိဖို.ကောင်းတယ် ။ဒါကတော.နိုင်ငံရေးအရသက်သက် တိုက်ခိုက်တာပါ ဟူသတည်း။

မကြာသေးမီရက်ပိုင်းက တူရကီသမ္မတနှင့်ဖုန်းပြောရာတွင်ဒေါ်အောင်ဆန်းစုကြည်က တူရကီဒုဝန်ကြီးချုပ်ကမြန်မာနှင့်ပါတ်သက်သောသတင်းမှားများဖြန့်နေသည်ကို သမ္မတအနေနှင့်သိရှိမည်ဟုယူဆပါကြောင်း၊ တူရကီသည်လည်း PKK အကြမ်းဖက်သမားများကိုရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသဖြင့် မြန်မာနိုင်ငံရင်ဆိုင်နေရသောအကြမ်းဖက်တိုက်ဖျက်ရေးစိမ်ခေါ်မှုများကိုနားလည်မည်ဟုမျှော်လင့်ပါကြောင်း သာသာနှင့်နာနာနှက်ခဲ့ပေသည် ။အမှန်စင်စစ် အကယ်၍ မြန်မာနိုင်ငံကသာ တကယ်တမ်း အစ္စလမ်ဘာသာဝင်များကို လူမျိုးတုန်းသတ်ဖြတ်နေသည်မှန်ပါက ကုလသမဂ္ဂအပါအ၀င် ကမ္ဘာကကြည်.နေကြမည်မဟုတ်ပေ ။အဘယ်.ကြောင်.ဆိုသော် ကုလသမဂ္ဂက ၁၉၄၈ ခုတွင် လူမျိုးတုန်းသတ်ဖြတ်မှု( Genocide)ကွန်ဗင်းရှင်း စာချုပ်ကို အသေအချာ ရေးဆွဲပြဋ္ဌာန်းခဲ့ရာ ၁၉၅၁ ခုတွင် စတင်အသက်ဝင်ခဲ့ပြီး ယခုအခါ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံ ၁၃ဝ ကျော်က လက်ခံအတည်ပြုထား၍ဖြစ်သည် ။

ပြသနာမှာ အစ္စလမ်ဘာသာ နှင်.ဗုဒ္စဘာသာကြား ပဋိပက္ခပြသနာမဟုတ်ပဲ ရခိုင်ဒေသအားအခြေကုပ်ယူကာ အစ္စလာမ်မစ်နိုင်ငံ ခွဲထွက်ထူထောင်လိုသော အကြံဆိုးရှိသည်. Arakan Rohingya Salvation Army (ခေါ်) ရခိုင်ရိုဟင်ဂျာလွတ်မြောက်ရေးတပ်ဖွဲ့ ARSA ဘင်္ဂလီအကြမ်းဖက်သမား ၏နယ်မြေချဲ.ထွင်နိုင်ရန်ဝါဒဖြန်.ကျူးကျော်လာမှုကြောင်.ဤမျှလောက်ပြသနာကြီးထွားနေရခြင်းလည်းအကြောင်းတစ်ခု ဖြစ်သည် ။ ၂၀၁၂ ရခိုင်အရေးအခင်းအပြီးတွင်ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်က ရခိုင်လူမျိုး (၁၂၀၀ ) နှင်. ဘင်္ဂလီ (၈၀၀ ) ကိုကွင်းဆင်းစစ်ဆေးမေးမြန်းရာ ဘင်္ဂလီများသည် ကော်မရှင်မှမေးသော မေးခွန်းများကို မဖြေခင် ရန်ကုန်သို.ဖုန်းဆက်ပြီး အကြံဥာဏ်တောင်းပြီးမှ ဖြေလေ.ရှိကြောင်း ၊အချို.မေးခွန်းများကို မမေးရခင်ကတည်းက စာရွက်ဖြင်.အဖြေကိုရေးယူလာကြကြောင်း၊ တစ်ချို.မေးခွန်းများဆိုလျင် လူတစ်ယောက်တည်းကသင်ပေးထားသည်.သဖွယ် အားလုံးတစ်ပုံစံထဲ ဖြစ်နေကြောင်း ကော်မရှင်၏အစီရင်ခံစာထဲတွင် ဖော်ပြထားပါသည် ။ ရခိုင်တိုင်းရင်းသားအချို.ကပြောသည်မှာ အချို.သော ဘင်္ဂလီဒေသခံများသည် တစ်ဖက်နိုင်ငံတွင် RSO ( The Rohingya Solidarity Organization ) များမှဖွင်.လှစ်သောစစ်ရေး၊ နိုင်ငံရေးသင်တန်းများကိုတက်ရောက်ခဲ.သည်ဟုလည်း ဆိုပါသည် ။ သဘောထားပျော.ပြောင်းသောအစ္စလာမ်ဘာသာဝင်အချို.ထံမှသိရသည်မှာ ရန်ကုန်မြို.ပေါ်ရှိအချို.သောဗလီများသည် ပြည်ပနိုင်ငံများမှ ဘာသာရေးအစွန်းရောက်ဂိုဏ်းများနှင်. များစွာနီးစပ်မှုရှိနေပြီး ၊၎င်းဗလီများမှဘာသာရေးအစွန်းရောက်အတွေးအမြင်များကို သင်ကြားမွေးထုတ်ပေးခြင်း ၊သင်ကြားလေ.ကျင်.ပေးထားသောနယ်လှည်.တရားဟောဆရာများစွာကိုရခိုင်ဒေသအပါအ၀င်မြန်မာပြည်အရပ်ရပ်သို.အသုတ်လိုက်စေလွှတ်ခြင်းများရှိနေပါသည် ။ထိုတရားဟောဆရာများသည်နိုင်ငံတော်အစိုးရ၏ ပြည်သူများနှင်.အတူ ခေတ်မီဖွံ.ဖြိုးတိုးတက်သည်.နိုင်ငံတော်သစ် ထူထောင်နေမှုကိုသိနားလည်နိုင်သည်.ဥာဏ်ရည်ပြည်.မီမှုမရှိကြောင်း ၊ မြန်မာ.ယဉ်ကျေးမှုဓလေ.ထုံးစံများကိုလည်းနားလည်မှုမရှိကြောင်း ။တိုင်းတစ်ပါး၏ ( အစ္စလာမ်နိုင်ငံအများစု၏)၀တ်စားဆင်ယင်မှုနှင်. နေထိုင်ပုံစနစ်ကို အစ္စလာမ်သာသနာ၏ပြဌာန်းချက်ဖြစ်သယောင် သွန်သင်မှုများပြုလုပ်နေကြကြောင်း ၊ ခေတ်မီအတွေးအခေါ်နှင်.ဗဟုသုတလွန်စွာအားနည်းကြောင်း ဝေဖန်ပြောဆိုကြပါသည် ( ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင် ၂၀၁၂အစီရင်ခံစာ ၊ စာမျက်နှာ ၂၄ )

ဤမျှဆိုလျင် ပြသနာမှာ ဒေသခံရခိုင်များဘက်မှသက်သက် အနိုင်ကျင်.ဖြစ်ပွားနေခြင်းမဟုတ်ကြောင်း နှစ်ဖက်အသိုင်းအ၀ိုင်းမှ အမုန်းတရားများကိုကြီးထွားလာအောင်ဟောပြော . သင်ကြားမှုများရှိနေကြောင်းသတိပြုနိုင်ပါသည်။အမုန်းပွားအောင်သင်ပေးသူနှင့်လက်နက်ကိုင်အကြမ်းဖက်ရန်ဦးဆောင်သူနှစ်ဖွဲ့ကြောင့်ရခိုင်အကြမ်းဖက်မှုဖြစ်ရခြင်းဖြစ်၏ ။မြန်မာနိုင်ငံတွင်မူကား လူမျိုးတစ်မျိုးကိုအခြားလူမျိုးတစ်မျိုးက ဂျီနိုဆိုက်ဟုခေါ်သော သတ်ဖြတ်ခဲ.ခြင်းမျိုး ဘယ်တုန်းကမှမရှိခဲ.ပါ ။

မျိုးတုန်းသတ်ဖြတ်မှုတစ်ခုကိုပြပါဟုဆိုလာလျင်မူကား အုပ်ချုပ်ရေးကင်းမဲ.နေသော ဒုတိယကမ္ဘာစစ် ခေတ်ပျက်ကြီးအတွင်းက ၁၉၄၂ တွင် ဗူးသီးတောင်နှင်.မောင်တော မြို.နယ်များတွင်ဖြစ်ပွားခဲ.သော လူမျိုးရေးအဓိကရုန်းကိုပြရပါမည် ။ ဘင်္ဂလီများမှလက်နက်အင်အားလူအင်အားအလုံးအရင်းဖြင်. မောင်တောနှင်.ဗူးသီးတောင်မြို.နယ်များရှိ ရခိုင်တိုင်းရင်းသားကျေးရွာများကိုတိုက်ခိုက်သတ်ဖြတ်ဖျက်ဆီးပစ်ကာ ထိုတိုက်ခိုက်လုယက်ဖျက်ဆီးမှုကြောင်. ရခိုင်လူမျိုး နှစ်သောင်းကျော် သေဆုံးခဲ.ရပြီး ရခိုင်ကျေးရွာပေါင်းများစွာ ဖျက်ဆီးခံခဲ.ရကာယခုအချိန်အထိ ပြန်လည်နာလန်မထူနိုင်တော.ပဲ ဘင်္ဂလီများကြီးစိုးရာ ဒေသဖြစ်သွားရသည်. သမိုင်းကြောင်းသာရှိခဲ.ဖူးပါသည် ။၁၉၈၈ တွင်လည်း လုံခြုံရေးအားနည်းနေမှုကိုအခွင်.ကောင်းယူကာ ဘင်္ဂလီများကမောင်တောမြို.အားသိမ်းယူရန်ကြိုးစားခဲ.ဖူးသည် ။ ဘင်္ဂလီအင်အားစုစုပေါင်း (၅၀,၀၀၀ ) ခန်.ရှိသော်လည်းရဲနှင်.လုံထိမ်းတပ်ရင်းတို.ကပြန်လည်ခုခံနိုင်ခဲ.သောကြောင်. ၎င်းတို.၏ကြိုးပန်းမှုမအောင်မြင်ခဲ.ပါ ။ ၁၉၉၈ ခုနှစ်တွင်လည်း ရိုဟင်ဂျာလွတ်မြောက်ရေးအဖွဲ. ( RLO )သောင်းကျန်းသူအဖွဲ. ဦးဆောင်သော ဘင်္ဂလီအင်အား (၅၀၀၀ )ခန်.သည် မောင်တောမြို.သို.ရုတ်တရက်ဝင်ရောက်လာကာ ဗုဒ္စဘာသာဘုန်းကြီးကျောင်းများကိုဖျက်ဆီးခြင်း ၊ ဗုဒ္စဘာသာဝင်များနေထိုင်သော ရပ်ကွက်များကိုမီးရှို.ခြင်း ၊ရခိုင်လူမျိုးမှန်သမျှကိုသတ်ဖြတ်ပြီး မောင်တောမြို.ကိုသိမ်းပိုက်ရန်အပြင်းအထန်စီးနင်းတိုက်ခိုက်ခြင်းများကိုပြုလုပ်လာခဲ.ရာမြန်မာနိုင်ငံရဲတပ်ဖွဲ.မှု ပြန်လည်ခုခံတားဆီးကာကွယ်နိုင်ခဲ.ပါသည် ။
ထို.ကြောင်. မြန်မာနိုင်ငံတွင် မျိုးတုန်းသတ်ဖြတ်မှုမရှိပါ ။ ရှိပါသည် ဟု ဆိုလာပါက ရခိုင် လူမျိုး နှစ်သောင်း ( ၂၀,၀၀၀ ) ကို ဘင်္ဂလီတို.သတ်ဖြတ်ခဲ.သော Genocide ဖြစ်စဉ်တစ်ခုသာ ဒုတိယကမ္ဘာစစ်အတွင်းကရှိခဲ.ပါကြောင်းပြောပြပါရစေ ။

သရ၀ဏ် (ပြည်)

COMMENTS

Name

art,1,article,1327,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,34,history,2,international,7904,interview,221,knowledge,9,Live,8,LocalNews,16559,news,2842,opinion,770,photos,203,poem,117,satires,39,song,12,speech,12,sports,179,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: မြန်မာပြည်မှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေတကယ်ရှိသလား သရ၀ဏ်(ပြည်)
မြန်မာပြည်မှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေတကယ်ရှိသလား သရ၀ဏ်(ပြည်)
https://aliran.com/wp-content/uploads/2016/11/Rakhine-state-Burma-Graphic-BBC.gif
dawnmanhon
http://www.dawnmanhon.com/2017/09/blog-post_159.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/09/blog-post_159.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy