မာန်အောင်မြို့နယ်တွင် ဝေလငါးအသေတစ်ကောင်သောင်တင်


ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်နဲ့မိုင်(၂၀)ခန့်အကွာ ဝေးကွာတဲ့ ပင်လယ်ကမ်းခြေမှာ စက်တင်ဘာလ(၂)ရက်က ပုပ်ပွနေတဲ့ ဝေလငါးအသေတစ်ကောင် သောင်တင်ခဲ့တယ်လို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးက သိရပါတယ်။

အဲဒီဝေလငါးအသေဟာ အရှည်(၂၈)ပေ၊ လုံးပတ်(၁၄)ပေရှိပြီး အရိုးတွေကိုထုတ်ကာ ပြခန်းမှာ ပြသဖို့စီစဉ်ထားတယ်လို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါက်တာညွန့်ဝေမောင်ကပြောပါတယ်။

 မာန်အောင်မြို့နယ်အနီးတစ်ဝိုက်မှာ နှစ်စဉ်နှစ်တိုင်း ဝေလငါးအသေတွေနဲ့ ဝေလငါးအရှင်တွေ သောင်တင်တာတွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။

 ပြီးခဲ့တဲ့(၂၀၁၆)ခုနှစ်၊ စက်တင်ဘာလအတွင်းကလည်း ဝေလငါးအရှင်တစ်ကောင်သောင်တင်ခဲ့ပြီး ပြန်လွှတ်ပေးနိုင်ခဲ့သလို အသေတစ်ကောင်သောင်တင်ဖူးတယ်လို့ ဒေါက်တာညွန့်ဝေမောင်ကပြောပါတယ်။ ဝေလငါးတွေသောင်တင်ရတာဟာ အခြေခံအားဖြင့် ရေအောက်ငလျင်တွေကြောင့် သံလိုက်လှိုင်းနှောင့်ယှက်တာတွေခံရတာ၊ ရေဖိအားပြောင်းလဲမှုဖြစ်ပေါ်တာ၊ ရောဂါပိုးကူးစက်ခံရတာနဲ့ ပထဝီသောင်ပြင်တွက်ချက်မှုလွဲမှာတာကြောင့် ကုန်းမြေကိုရှာဖွေရာမှာ သောင်တင်မှုဖြစ်ပွားရတာဖြစ်တယ်လို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးက သိရပါတယ်။
ဒီသတင်းကို စစ်တွေဗျူရိုကကျော်လွင်ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.