အမေရိကန်ဗုံးကြဲလေယာဉ်များ မြောက်ကိုရီးယားကမ်းရိုးတန်းနား အင်အားပြပျံသန်း


ဘယ်ခြိမ်းခြောက်မှုကိုမဆို ပြန်လည်အနိုင်ယူဖို့ စစ်ရေးပြတဲ့အနေနဲ့ အမေရိကန်ဗုံးကြဲလေယာဉ်တွေ မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းအနားကို ပျံသန်းမှုပြုခဲ့တယ်လို့ ပင်တဂွန်ဌာနချုပ်က ပြောလိုက်ပါတယ်။

၂၁ ရာစုမှာ အမေရိကန် တိုက်ဂျက်လေယာဉ် ဒါမှမဟုတ် ဗုံးကြဲလေယာဉ်မှန်သမျှ ပျံသန်းခဲ့တဲ့ ကိုရီးယား ၂ နိုင်ငံကြား စစ်မဲ့ဇုန်ရဲ့ မြောက်ဘက်အဝေးဆုံးကို လေယာဉ်တွေ ပျံသန်းခဲ့တာလို့ ဆိုပါတယ်။

ပြုံယမ်းရဲ့ နျူကလီးယာအစီအစဉ်တွေနဲ့ ပတ်သက်ပြီး လက်တလော တင်းမာမှုတွေ မြင့်တက်နေပါတယ်။

ကုလသမဂ္ဂမှာ စက်တင်ဘာ ၁၉ ရက်နေ့က ပြောတဲ့မိန့်ခွန်းအတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်းကို မစ္စတာထရမ့် “ကိုယ့်ကိုယ်ကို သတ်သေမယ့် အလုပ်ကို လုပ်နေတဲ့ ဒုံးကျည်လူသား” လို့ခေါ်ဆိုလိုက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။ ဒါကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယွန်ဟိုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုယ့်ကိုယ်ကိုယ်သတ်သေမယ့် လုပ်ငန်းစဉ်ကို လုပ်ခဲ့တယ်လို့ အထွေထွေညီလာခံမှာ ထရမ့်ပ်ရဲ့မှတ်ချက်ကို ပုံတူကူးပြီး ပြန်လည်ချေပခဲ့တာပါ။

“စိတ်မမှန်ပြီး အလွန်အကျွံစိတ်ကြီးဝင်တဲ့ စိတ်ရောဂါ လုံးဝရှိနေတဲ့ မစ္စတာထရမ့်ပ်ရဲ့ စော်ကားမှုတွေက အမေရိကန်မြေကို မြောက်ကိုရီးယားရဲ့ ဒုံးကျည်တွေ ပစ်လွှတ်ကောင်း ပစ်လွှတ်ရမယ့် ရှောင်လွဲလို့မရတော့တဲ့ နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့တဲ့ မှားယွင်းမှုပဲ” လို့ မစ္စတာရီက ထပ်ပြောလိုက်ပါတယ်။

အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ့် အနေအထားဖြစ်လာရင် သူ့အနေနဲ့ မြောက်ကိုရီးယားကို လုံးဝဖျက်ဆီးကောင်း ဖျက်ဆီးမယ်လို့ ပြောခဲ့တဲ့ မစ္စတာထရမ့်ရဲ့ မိန့်ခွန်းအတွက် အကြီးအကျယ် ပေးဆပ်ရမယ်လို့လည်း မစ္စတာရီက ပြောခဲ့ပါတယ်။

အကယ်၍ မစ္စတာရီနဲ့ မစ္စတာကင်တို့ သူတို့ရဲ့လေလုံးထွားနေမှုကို ဆက်လုပ်နေမယ်ဆိုရင် “ကြာရှည် ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး” လို့လည်း အမေရိကန်သမ္မတက တွီတာမှာ ပြန်ရေးပြီး တုံ့ပြန်ထားပါတယ်။

မစ္စတာထရမ့်ရဲ့ တုံ့ပြန်ရေးသားမှု မတိုင်ခင်လေးမှာပဲ မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်တွေကို အရေးကြီးတဲ့ ခြိမ်းခြောက်မှုလို့ ပင်တဂွန်က ပြောလိုက်ပြီး မြောက်ကိုရီးယားရဲ့ မဆင်မခြင်အပြုအမူကို အမေရိကန်က တုံ့ပြန်မှုနဲ့အတူ အရေးပေါ်အခြေအနေကို မီးမောင်းထိုးပြတဲ့အနေနဲ့ အင်အားပြတာလို့ ပင်တဂွန်က ကြေညာခဲ့ပါတယ်။

“ဒီလုပ်ဆောင်မှုက ဘယ်ခြိမ်းခြောက်မှုကိုမဆို အနိုင်ယူသွားဖို့ သမ္မတမှာ စစ်ရေးရွေးချယ်မှုတွေ အများကြီး ရှိတယ်ဆိုတဲ့ ရှင်းလင်းတဲ့ သတင်းစကားနဲ့အတူ အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကို ပြသတာ” လို့ ပင်တဂွန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

“အမေရိကန်နိုင်ငံနဲ့ ကျနော်တို့ရဲ့မဟာမိတ်တွေကို ကာကွယ်နိုင်ဖို့ စစ်ရေးစွမ်းရည် အပြည့်အဝ အသုံးပြုဖို့ ကျနော်တို့ကပြင်ဆင်နေပါတယ်။”

ဂူအမ်ကျွန်းက အမေရိကန်လေတပ်ရဲ့ဘီ-ဝမ်းဘီ လန်ဆာ ဗုံးကြဲလေယာဉ်ကို ဂျပန်နိုင်ငံ အိုကီနာဝါက လေတပ် အက်ဖ်-၁၅စီ အီးဂဲလ်တိုက်လေယာဉ်တွေ ဝန်းရံပြီး အပြည်ပြည်ဆိုင်ရာ လေထုပိုင်နက်မှာ ပျံသန်းခဲ့ပါတယ်လို့ ပင်တဂွန်က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

ကုလသမဂ္ဂမှာ မစ္စတာထရမ့်ရဲ့မှတ်ချက်အပြီး မစ္စတာကင်က ထရမ့်ကို “စိတ်မူမမှန်ဖြစ်နေတယ်၊ သူငယ်ပြန်အဖိုးကြီး” လို့ ခေါ်ဆိုက ၂ နိုင်ငံ ခေါင်းဆောင်တွေအကြား ရက်သတ္တတပတ် ဒေါသတကြီး လေလုံးထွားကြပြီးနောက် ဗုံးကြဲလေယာဉ်တွေ အင်အားပြခဲ့တာပါ။

ပင်တဂွန်ရဲ့ကြေညာချက်အပေါ်မှာ မစ္စတာရီကတော့ ဘာမှ မှတ်ချက်မပေးခဲ့ဘူးလို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

===========

DVB TV News

http://burmese.dvb.no/archives/230419
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.