မြိုင်ကြီးငူဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေး



ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသက တိုက်ပွဲတွေကြောင့် မြိုင်ကြီးငူဒေသမှာ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ ကို တွေ့ရစဉ်။ Photo: Kyaw Lwin Oo/RFA
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒုက္ခသည်စခန်းက ဒုက္ခသည်တွေဟာ မဲသဝေါဒေသမှာ နယ်မြေတည်ငြိမ်မှု မရှိသေးတာတွေ မိုင်းအန္တရာယ်တွေကြောင့် နေရပ်မပြန်နိုင်သေးဘူးလို့ ဒုက္ခသည်စခန်းတာဝန်ခံ ဦးထွန်း က ပြောပါတယ်။

ဒုက္ခသည်တွေက နေရပ် ပြန်ချင်ပေမယ့် ကြောက်လန့်နေကြတယ်လို့ ဦးထွန်းက ပြောပါတယ်။

"ပြန်ဖို့လား။ ပြန်ဖို့က သူတို့ အခက်အခဲရှိတာပေါ့။ ကိုယ့်ရွာ၊ ကိုယ့်ဒေသဆိုတာ ဘယ်သူမဆို ပြန်တော့ ပြန်ချင်တာပေါ့။ အခုမိုင်းအန္တရာယ်ကြောင့် သူတို့ပြောတာ မိုင်းအန္တရာယ်များလို့ ပြန်မရဲတာ။"

ကရင်ပြည်နယ် မဲသဝေါဒေသမှာ ပြီးခဲ့နှစ် စက်တင်ဘာလက DKBA ခွဲထွက်အဖွဲ့နဲ့ တပ်မတော်၊ နယ်ခြားစောင့် တပ်ဖွဲ့တို့ကြား  ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အဲဒီဒေသက ဒေသခံ ၅၀၀၀ ကျော်ဟာ မြိုင်ကြီးငူဒုက္ခသည် စခန်းမှာ လက်ရှိအချိန်ထိ ခိုလှုံနေရတာဖြစ်ပါတယ်။

အဲဒီဒုက္ခသည်တွေအတွက် ရိက္ခာရှားပါးနေပြီး လတ်တလောမှာ ဆန်အိတ် ၁၀၀ ၀န်းကျင်သာ ကျန်ရှိတော့တယ်လို့ ဦးထွန်း က ပြောပါတယ်။

လက်ရှိအချိန်မှာလည်း မဲသဝေါဒေသမှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အဖွဲ့နဲ့ တပ်မတော်တို့ ပစ်ခတ်မှုတွေ ဖြစ်ပွားနေ တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.