စမ်းချောင်းမြို့နယ်တွင် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေရန် ညစ်ညမ်းစွာဆဲဆိုသူအား ဥပဒေနှင့် အညီအရေးယူ


ရန်ကုန်၊ စက်တင်ဘာ ၁၃

စက်တင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ လင်းလွန်း(တောင်)ရပ်ကွက်၊ ဗဟိုလမ်း နှင့် ရွှေလောင်းလမ်းထောင့်တွင် လူငယ်အမျိုးသားတစ်ဦးမှ အရက်သေစာသောက်စားမူးယစ်ပြီး ညစ်ညမ်းစကားလုံးများဖြင့် ဘင်္ဂလီများဟုသုံးနှုန်းကာ ဆဲဆိုနေကြောင်း သတင်းအရ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သောရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့မှ အဆိုပါနေရာသို့သွားရောက်၍ ထိန်းသိမ်းခဲ့ရာ ယင်းသို့ ဆဲဆိုသူမှာ ကြည့်မြင်တိုင်မြို့နယ်၊ မီးရထားဘူတာဝင်းလိုင်းခန်းနေ သိန်းထွေး(ခ) အောင်သိန်းထွေး၊ (၂၄)နှစ်ဖြစ်ပြီး ၎င်းအား ရဲစခန်းသို့ ခေါ်ဆောင်ကာ ထိန်းသိမ်းဆောင်ရွက်ခဲ့ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သိန်းထွေး(ခ)အောင်သိန်းထွေးအား စစ်ဆေးရာ ၎င်း၏ အစ်ကိုအရင်းဖြစ်သူ ကိုအောင်စိုးမိုးသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ မိသားစုနှင့်အတူသွားရောက်နေထိုင်ပြီး အလုပ်လုပ် ကိုင်နေစဉ်အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကိုခံရကြောင်း ဖုန်းသတင်းရရှိသဖြင့် စိတ်ခံစားချက်အရ နေအိမ်လိုင်းခန်းသို့ပြန်လာစဉ် အများပြည်သူအနှောင့်အယှက်ဖြစ်စေရန် ညစ်ညမ်းစွာ ဆဲဆိုခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်အရ သိန်းထွေး(ခ)အောင်သိန်းထွေးအား စမ်းချောင်းမြို့မရဲစခန်းမှ ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်ထားရှိပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.