လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကြဖို့ ကျေးရွာတွေမှာ ကြေညာ



ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သြဂုတ်လ ၉ ရက်နေ့က တွေ့ရစဉ်
လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရန်ပြုတာတွေ၊ တုတ်၊ ဓါး လက်နက်တွေ ကိုင်ဆောင်တာတွေ မလုပ်ဖို့နဲ့ လုံခြုံရေးတပ် ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကြဖို့ ကျေးရွာတွေမှာ အသံချဲ့စက်တွေနဲ့ လိုက်လံသတိပေး တိုက်တွန်းနေတယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ရေးကော်မတီက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေကိုပဲ ရှာဖွေဖော်ထုတ်နေတာဖြစ်ပြီး အကြမ်းဖက်မှုကို လက်မခံဘဲ အေးချမ်းစွာနေထိုင်လိုတဲ့ မွတ်စလင်ဘာသာဝင်တွေ ဘေးကင်းရေးကို ဆောင် ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် ARSA အစွန်းရောက် အကြမ်းဖက်သမားတွေကို ထောက်ခံတာ၊ ပူးပေါင်းပါဝင်တာ မပြုလုပ်ဖို့လည်း သတိပေးနေတယ်လို့ ဖော်ပြထားပါတယ်။

မနေ့က မောင်တောမြို့နယ် ပန်းတောပြင်အနောက်ကျေးရွာမှာရှိတဲ့ မွတ်စလင်ဘာသာဝင်တွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စစ်ဆေးရာမှာ ကြည်ဖြူစွာလက်ခံခဲ့ပြီး အဲဒီကျေးရွာသားတွေကိုယ်တိုင်က အစွန်းရောက် အကြမ်း ဖက်သမားတွေရဲ့ လုပ်ရပ်တွေကို လက်မခံကြောင်း၊ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.