ကိုရီးယားရောက် မြန်မာနိုင်ငံသားများ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြ

ဆိုးလ်
၂၀၁၇ စက်တင်ဘာ ၂၄

ARSA အကြမ်းဖက်သမားများ၏ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုကို ကန့်ကွက်ရှုတ်ချသည့် ဆန္ဒဖော်ထုတ်ပွဲနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာအစိုးရအား ထောက်ခံပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ဆိုးလ်မြို့ ကုလသမဂ္ဂရုံးခွဲ ရှေ့တွင် ပြုလုပ်ရာ ကိုရီးယားရောက် မြန်မာနိုင်ငံသား (၂၀၀၀) ကျော် ပါဝင် ဆန္ဒပြခဲ့ကြပါသည်။

ယနေ့ ဆန္ဒပြပွဲသို့ ဆိုးလ်၊ ဘူချွန်း၊ အင်ချွန်း၊ ဘူဆန်၊ ဂင်မဲ၊ ဂွမ်ဂျူး၊ ဖျောင်းထက်၊ ယွီဂျွန်ဘူ၊ အန်ဆန်း၊ မြို့များရှိ မြန်မာအသင်းအဖွဲ့များနှင့် နိုင်ငံတဝှမ်းမှ တက်ကြွသူများ စုပေါင်းပါဝင်ခဲ့ကြသည်။

ဆန္ဒပြသူတဦးဖြစ်သည့် ရခိုငိအမျိုးသား ကိုလှဝင်းကျော်က "ကိုရီးယားမီဒီယာတွေက သတင်းအမှားတွေ ဖော်ပြနေတာကို အမှန်အတိုင်း ဖြစ်စေချင်လို့ ဆန္ဒလာပြတာပါ။ တကယ် ဖြစ်နေတဲ့ အခြေအနေက ကျနော်တို့ ရခိုင်တွေ ခံစားနေရတာ။"ဟု ပြောပါသည်။

ဘူဆန်မြို့မှ လာရောက်သည့် ကိုမင်းသော်နိုင်က "ကျနော်တို့ ဘတ်စကား စီးလုံးငှါးလာတာ။ မနက် ၄ နာရီထဲက။ ကျနော်တို့ နိုင်ငံက ဆင်းရဲတာကို ခုတုံးလုပ်ပြီး လူ့အခွင့်အရေး လူ့အခွင့်အရေးနဲ့ ကမ္ဘာကြီးက အမှားတရားတွေနဲ့ ဖိနှိပ်နေတာကို မခံချင်လို့ ဆန္ဒလာပြတာပါ။ ညီအကိုတွေရဲ့ မျိုးချစ်စိတ်ကို မြင်ရလို့ ကျေနပ်ပါတယ်။" ဟု သူ့ရည်ရွယ်ချက်ကို ပြောပါသည်။

ကိုရီးယားရောက် မြန်မာနိုငိငံသားများ၏ သဘောထား ထုတ်ပြန် ကြေညာချက်နှင့် ပိုစတာ ကြွေးကြော်သံများကို ကိုရီးယား၊ အင်္ဂလိပ်၊ မြန်မာ သုံးဘာသာဖြင့် ရေးသား ဖြန့်ဝေခဲ့ကြပါသည်။

ထုတ်ပြန်ကြေညာချက်ကို ကုလသမဂ္ဂရုံး တာဝန်ရှိသူထံသို့ ပေးအပ်ခဲ့ပါသည်။

ဖျောင်းထက်မြို့မှ လူမှုရေးလှုပ်ရှားသူ ကိုအောင်မျိုးဇင်က အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှု အောက်မှာ တသွေးတည်း တသားတည်း ရှိနေကြာင်း၊ ကိုရီးယားမှာ ရောက်နေပေမဲ့ ကျနော်တို့ တတ်နိုင်တဲ့အလုပ်ကို လုပ်တာ ဖြစ်ကြောင်း သူ့အမြင်ကို ပြောပါသည်။

ထို့အတူ မာဆော့ဒေသမှ ကိုတေဇာမျိုးကလည်း ဘင်္ဂလီတွေ မြန်မာနိုင်ငံထဲ ဝင်ရောက်နေတာကို လက်မခံနိုင်ကြောင်း ဆန္ဒပြပွဲ လာရောက်ရသည့် ရည်ရွယ်ချက်ကို ပြောပါသည်။

ယနေ့ ဆန္ဒပြပွဲအတွင်း ကိုရီးယား လူမျိုးတဦးက Sanction on Myanmar, Call me Rohinja စာရွက်ကိုင်ပြီး လာရောက် နှောင့်ယှက်ခဲ့သော်လည်း
အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပါသည်။

ဆန္ဒပြပွဲကို ညနေ ၃း၃၀ တွင် ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ရုတ်သိမ်းလိုက်ပါသည်။

သတင်းရေးသားသူ
ဝင်းပေါ်မောင်
ဟန်ဂူရွာ
ထောင်စုပြတင်း စာစောင်
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.