မန္တလေးတွင် ဆိုင်​ကယ်​တစ်​စီး ပေါက်​ကွဲမူဖြစ်​ပွား



ဆိုင်​ကယ်​တစ်​စီး ပေါက်​ကွဲမူဖြစ်​ပွား​၊ လက်​လုပ်​မိုင်းဟုယူဆရ​သော ကီးပက်​လက်​ကိုင်​ဖုန်း တစ်​လုံးအား အနီ​ရောင်​ဝါယာကြိုးတပ်​လျှက်​ ​တွေ့ရှိသိမ်းဆည်းရမိ
မန္တ​လေးမြို့ ချမ်း​အေးသာစံမြို့နယ်​ ၇၄လမ်း၊ ၂၈လမ်းနှင့်​ ၂၉လမ်းကြားရှိ စိတ္တရမဟီရပ်​ကွက်​ဘုရားပွဲ၊ ပွဲမင်းဦးအငြိမ့်​စင်​အနီး ပန်း​လေ​ပြေရှမ်းထမင်းဆိုင်​​ရှေ့၌ စက်​တင်​ဘာ ၂၈ရက်​ ည ၉:၅၀နာရီအချိန်​ခန့်​က ဆိုင်​ကယ်​တစ်​စီး ပေါက်​ကွဲမူဖြစ်​ပွားရာ ​အနီးရှိ လူတစ်​ဦး မျက်​နှာ၊ ရင်​ဘတ်​၊ ​ပေါင်​တို့တွင်​ ဒဏ်​ရာ(မစိုးရိမ်​ရ)ရရှိကြောင်း သတင်းရရှိသည်​။


ပေါက်​ကွဲမှုဖြစ်​ပွားပြီး ရဲတပ်​ဖွဲ့ဝင်​များ ​ရောက်​ရှိစစ်​​ဆေးရာ ပေါက်​ကွဲမူဖြစ်​ပွား​သော ဆိုင်​ကယ်​အနီးမှ လက်​လုပ်​မိုင်းဟုယူဆရ​သော MICRO စာတမ်းပါ ကီးပက်​လက်​ကိုင်​ဖုန်း တစ်​လုံးအား အနီ​ရောင်​ဝါယာကြိုးတပ်​လျှက်​ ​တွေ့ရှိသိမ်းဆည်းရမိပြီး ပတ်​ဝန်းကျင်​အား မိုင်းရှင်းလင်း​ရေးအဖွဲ့ဖြင့်​ ရှင်းလင်း​ဆောင်​ရွက်​​ပေးခဲ့သည်​။

အဆိုပါ​ပေါက်​ကွဲမှုဖြစ်​စဉ်​အား မြန်​မာနိုင်​ငံရဲတပ်​ဖွဲ့မှ စုံစမ်းစစ်​​ဆေးလျှက်​ရှိ​ကြောင်း သိရသည်​။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.