ငွေသုံးရာ ခိုးမှုနဲ့ အမှုဖွင့်ခံထားရတဲ့ ကလေးတွေ လွတ်မြောက်



အမှုဖွင့်ခံရတဲ့ ကလေးတွေကို လွှတ်ပေးဖို့ စက်တင်ဘာ ၂၆ ရက်နေ့က တောင်ဒဂုံမြို့နယ်မှာ ဆန္ဒထုတ်ဖော်ကြစဉ်
ဘုရားအလှူခံပုံးထဲကနေ ကျပ်ငွေ ၃၀၀ ကျပ် ယူခဲ့တဲ့အတွက် ခိုးမှုနဲ့ အမှုဖွင့်ခံထားရတဲ့ ကလေး ၃ ယောက်ကို စွဲချက်မတင်သင့်ဘူးဆိုပြီး တောင်ဒဂုံမြို့နယ် ဥပဒေရုံးက ဆုံးဖြတ်လိုက်တဲ့အတွက် အမှုကနေ ကွင်းလုံးကျွတ် လွတ်သွားပြီလို့ တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

ဥပဒေရုံးက အခုလို ဆုံးဖြတ်တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ ကလေးသုံးယောက်အမှုဟာ အောက်ခြေမှာ ပြီးသွားရမယ့် ကိစ္စဖြစ်ကြောင်း တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

လွတ်မြောက်လာတဲ့ ကလေး ၃ ယောက်ကို စာမေးပွဲ အစားထိုး ဖြေဆိုနိုင်အောင် ဆောင်ရွက်ထားတယ်လို့လည်း ဦးညီညီက ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့က တောင်ဒဂုံမြို့နယ် အောင်ဗောဓိ ဆုတောင်းပြည့်စေတီတော်မှာရှိတဲ့ အလှူခံပုံး တစ်ခုက ငွေကျပ် ၃၀၀ ကျပ်ကို ယူတယ်ဆိုပြီး ၃ တန်း ကလေးနှစ်ယောက်နဲ့ ၅ တန်း ကလေးတစ်ယောက်ကို အောင်ဗောဓိ ဘုရားဂေါပကအဖွဲ့က ရာဇသတ်ကြီးပုဒ်မ ၃၇၉ နဲ့ဒဂုံတောင်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ တာ ဖြစ်ပါတယ်။

ကလေးတွေကို အမှုဖွင့်တိုင်ကြားလိုက်တဲ့အတွက် စက်တင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တို့မှာ တောင်ဒဂုံမြို့နယ် ပြည်သူတွေက တောင်ဒဂုံမြို့နယ်မှာ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြပြီး နောက်မှာတော့ မြို့နယ်ဥပဒေရုံးက စွဲချက်မတင်ဖို့ အခုလိုဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.