ကြောင်သူတော်ဝါဒ ကျင့်သုံးနေသော မူဆလင် နိုင်ငံများ


(အဆိုပါ ဆောင်းပါးအား ဂျာမန် သတင်းဌာနကြီး
ဖြစ်သော Deutsche Welle (DW) တွင် ဆောင်းပါး
ရှင် Shamil Shams က "Muslim hypocrisy over Rohingya" ခေါင်းစဉ် ဖြင့် ရေးသား ထားခဲ့ခြင်းအား
ပြန်လည် တင်ပြထားခြင်းဖြစ်သည်။)

မိမိတို့ နိုင်ငံတွင်း ရှိ "ရို' ဆိုသူများ အပေါ် သတ်ဖြတ်
နေကြသည်ဟု အော်ဟစ် ကြွေးကြော်နေကြသော
အစ္စလာမ် အုပ်စုများသည် ၎င်းတို့နိုင်ငံ အတွင်းရှိ
လူနည်းစုများ အပေါ် ဖိနှိပ် အုပ်ချုပ်နေမှုများအား
အရှက်မဲ့စွာ ရေငုံနှုတ်ပိတ်လျက် ရှိနေကြပေသည်။

တူရကီ မှ ပါကစ္စတန် အထိ ခေါင်းဆောင်များက
မြန်မာနိုင်ငံ အတွင်း လုံခြုံရေး အရ နယ်မြေ ရှင်းလင်း
မှုများ လုပ်ဆောင်နေမှုများအပေါ် ရှုတ်ချ ကန့် ကွက်
ခဲ့ကြပြန်ပြီး OIC မှလည်း ကာဇာတ်စတန် တွင် ပြု
လုပ်သော ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာအပေါ် ဆန့်
ကျင်ကြောင်း ကြေငြာချက် ထုတ်ခဲ့ပြန်ပေသည်။

တချိန်တည်းမှာပင် အင်ဒိုနီရှား နှင့် ပါကစ္စတန် ရှိ
အစ္စလာမ်မစ် အုပ်စုများကလည်း ဗုဒ္ဓဘာသာ မြန်မာ
လူမျိုး များ၊ ၎င်းတို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည် နှင့် သူမ၏ အစိုးရ အပေါ် ဆန့်ကျင်
ကန့်ကွက်သည့် လူထု ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြပြီး
နိုဘဲလ်ဆု အား ပြန်လည်ရုပ်သိမ်းရန်ကိုပင် တောင်း
ဆိုလာခဲ့ကြသည်။

ထိုသို့ ဆူညံ ကျယ်လောင်စွာ ပြုလုပ်နေကြသော
လည်း အဆိုပါ မူဆလင် နိုင်ငံများရှိ ဘာသာခြား လူ
နည်းစုများ အပေါ် ဆက်ဆံနေမှုများက ကမ်းကုန်
အောင် ဆိုးဝါးလှသည်ဟု ပြောက လွန်အံ့မထင်ပေ။

ပြီးခဲ့သည့် တနင်္ဂနွေ နေ့ က ပါကစ္စတန် အနောက်
မြောက်ပိုင်းရှိ ကွက်တာ မြို့ တွင် Hazara ရှီးယိုက်
ဘာသာဝင် သုံးဦး အသတ်ခံခဲ့ရသည်။ ထိုကဲ့သို့
လူနည်းစု ဘာသာဝင်များကို အစ္စလာမ်မစ် ဆိုသူများ
က နှစ်ပေါင်းများစွာကပင် ပြစ်မှတ်ထားပြီး စနစ်တကျ
ဖိနှိပ်လာခဲ့ကြသည့်အရေးကို အစိုးရ ဆိုသူများက
အရေးတယူ တခါဖူးမျ ကာကွယ်စောင့်ရှောက်ပေး
ခဲ့ကြခြင်း မရှိပေ။

ဟိန္ဓူ ၊ ခရစ်ယာန် နှင့် အာမာဒစ် ဘာသာဝင်များ
အပေါ်
အစိုးရများ ကိုယ်တိုင်က ခွဲခြား ဆက်ဆံလာခဲ့ကြသည်
မှာလည်း ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ
ဖြစ်ပေသည်။

အစ္စလာမ် နိုင်ငံများတွင် ပြဌာန်း ကျင့်သုံးနေသော ဘုရားသခင်အား စော်ကားပြောဆိုမှု ကို တားမြစ်
သည့် (blasphemy lae) ဥပဒေ ဆိုသည်ကြီးကြောင့် ဘာသာခြား လူ
နည်းစုမျာသည် အမြဲလို ကျီးလန့်စားစား ဖြင့် အသက်
ရှင် နေထိုင်ခဲ့ကြရသည်။ ခရစ်ယာန် ဘာသာဝင်များ
၏ အိုးအိမ်များကို မူဆလင် လူအုပ်ကြီးက မီးလောင်
တိုက်သွင်း ခဲ့ကြမှုများ နှင့် ဟိန္ဓူ လူမျိုးစု များကို
အစ္စလာမ် နှင့် ပရော်ဖက်ကို စော်ကားသည်ဆိုကာ
လူအုပ်ကြီးဖြင့် တရားစီရင်ကာ ခဲဖြင့်ထုသတ် သေ
ဒဏ် စီရင် ခဲ့ကြသည်များကလည်း ဒု နဲ့ ဒေး ပင် ဖြစ်
သည်။

ထိုကဲ့သို့ ဘာသာရေး အပေါ် အခြေခံသည့် ဖိစီးနှိပ်
စက်နေကြမှုများက အဆိုပါ မူဆလင် နိုင်ငံများတွင်
တနေ့တခြား တိုးတက် များပြားလာနေသည်ကို တွေ့
ရမှာ ဖြစ်ပေသည်။ ထို့အပြင် အင်ဒိုနီရှား နှင့် မလေး
ရှားတို့ တွင် အစ္စလာမ် ကို နိုင်ငံရေး နှင့် ဒွေးယော
ယှက်တင်မှုများ ပိုမို ကြီးထွားလာခြင်းကြောင့် ထိုနိုင်ငံ
များရှိ ယဉ်ကျေးမှု ဆိုင်ရာ ကွဲပြား ခြားနားမှုများကို
ခြိမ်းခြောက်လာလျက် ရှိနေပေသည်။

သို့ အတွက် အင်ဒိုနီရှား၊ မလေးရှား နှင့် ပါကစ္စတန် တို့ ရှိ စိတ်မာခက်ထန်သူ
အစ္စလာမ် အုပ်စုများက ဦးဆောင်၍ မြန်မာနိုင်ငံရှိ
"ရို" များ အပေါ် ခွဲခြားဆက်ဆံနေမှုကို ဦးဆောင်ဦး
ွှူရွက် ပြုကာ ဆန့် ကျင်လာနေခြင်းက တကယ်တမ်း
တွင် အတော်လေးကို အခံရခက်စရာ ကောင်းနေရ
ပေသည်။

အထက်ပါ အချက်များကို ထောက်ရှု့ ခြင်းအားဖြင့်
ရို ဆိုသူများသည် ကမ္ဘာပေါ်တွင် ဖိနှိပ်ခံရဆုံးဟု
ကြွေးကြော်နေကြခြင်းသည် မည်သို့မျ တရားမျတမှု
ရှိနိုင်မည် မဟုတ်ပေ။

အဆိုပါ လူမျိုး များအား မြန်မာနိုင်ငံမှ နို်င်ငံသားအဖြစ်
အသိအမှတ်မပြု။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် ကလည်းလက်မခံလိုပေ။ သို့ အတွက် ကြေကွဲဖွယ်ရာ ဖြစ်ရပ်
ဆိုးများ ပေါ်ပေါက်ခဲ့ရသည် မှန်သော်လည်း အဆိုပါ
အခြေအနေကို ဘာသာရေး အရ အရောင်ဆိုးရန်
ကြိုးပမ်းလာကြမှုများသည် ၎င်းတို့ အတွက် ပို၍ ပင်
အန္တရာယ် ဖြစ်အောင် ပြု လုပ်နေသလို ပင် ဖြစ်သည်။

ယခု ဖြစ်ရပ်သည် ဗုဒ္ဓဘာသာ နှင့် မူဆလင် အကြား
တိုက်ပွဲမဟုတ်။ အနောက်နိုင်ငံ အစိုးရ များ၊ ၎င်းတို့
၏ အဖွဲ့အစည်းများနှင့် လူ့ အခွင့်အရေး အဖွဲ့များက
၂၀၁၂ ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်မှုများ
စတင်ခဲ့စဉ်ကပင် "ရို" များ အတွက် အသံကုန် အော်
ဟစ် လာနေခဲ့ကြပြီး ဖြစ်သည်။ ပြီးခဲ့သည့် လ အတွင်း
က ကုလ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန် သည်
ရခိုင်ပြည်နယ်ပဋိပက္ခ အပေါ် အစီရင်ခံစာ တင်သွင်း
ခဲ့ပြီး အဆိုပါ လူမျိုးနွယ်များအား စီစစ်၍ နိုင်ငံသားများ
နှင့် တန်းတူ အခွင့်အရေး ပေးရန် အစိုးရကို
တိုက်တွန်း ခဲ့သည်။ နိုင်ငံတကာ အကူအညီပေးရေး
အေဂျင်စီ များကလည်း နိုင်ငံတွင်းတွင်ရော ဘင်္ဂလား
ဒေ့ရှ် ဖက်တွင်ပါ ပို၍အကူအညီပေးနေကြချိန်တွင်
ဂျီဟတ် သမားများဖြစ်သော တူရကီ သမ္မတနှင့်
ပါကစ္စတန် ၀န်ကြီးချုပ် ဆာဟစ် အာဘာဆီ တို့က
ကြွေးကြော်သံများသာ အော်ဟစ်နေခဲ့ကြသည်။

ကမ္ဘာတ၀ှမ်း ရှိ မူဆလင်များ ဒုက္ခသုက္ခ ရောက်နေမှု
အများအပြား ရှိနေသော်လည်း ၎င်းတို့ ပြစ်မှတ်ထား
ချင်သည့် အကြောင်းများသာ ရွေးချယ် ဝေဖန်ရှုတ်ချ
လာကြခြင်းကို ကြည့်ခြင်းအားဖြင့် အစ္စလာမ် အုပ်စု
များ၏ ကြောင်သူတော် လုပ်ရပ်က သိသာထင်ရှားလှ
ပေသည်။

ဆော်ဒီအာရေဗီယား၏ မူဆလင် မဟာမိတ်များက.
ယီမင်နိုင်ငံ အပေါ် ရီယတ် မှ ဗုံး မိုးများ ဒလစပ် ကြဲချ
နေမှုများအပေါ် တိတ်ဆိတ် ငြိမ်သက်စွာ ကြည့်နေ
ကြသည်။ ယင်းတို့၏ လုပ်ရပ်ကြောင့် ဆင်းရဲမွဲတေလှ
သော.အဆိုပါ အရှေ့ အလယ်ပိုင်း နိုင်ငံ ငယ်လေး
ရှိ ရှီးယိုက် မူဆလင်များ ၂၀၁၅ မှ စ၍ ယခုတိုင်
ထောင်ပေါင်းများစွာ သေဆုံးလျက် ရှိနေဆဲပင် ဖြစ်
သည်။ သို့သော် အဆိုပါ အရေးအား ဆော်ဒီ၏ မဟာ
မိတ် ဖြစ်သူ ပါကစ္စတန် နှင့် ပင်လယ်ကွေ့ရှိ မဟာမိတ်နိုင်ငံများကမူ ယခု အချိန်အထိ တလုံးတပါဒ မျ
ပြစ်တင် ပြောဆိုခဲ့ခြင်း မရှိကြသေးပေ။

အလားတူ ဆီရီယား နှင့် အီရတ်တွင် ဖြစ်ပျက်နေမှု
များအားလည်း မူဆလင်နိုင်ငံများက ဘက်မလိုက်
စွာ ဝေဖန်မှု မပြုကြပဲ ဆော်ဒီအာရေဗီယား နှင့် အီရန်
တို့ နှင့် နီးစပ်မှု အပေါ် မူတည်ပြီး အဓိပ္ပါယ် ဖွင့်ဆို
ခဲ့ကြပြန်သည်။ စစ်သွေးကြ အစ္စလာမ် အစွန်းရောက်
များ၏ ရက်စက် ကြမ်းကြုတ် မှု များနှင့် လူများ
အစုလိုက် အပြုံလိုက် သတ်ဖြတ်နေကြသည့် ငရဲခန်း
မှ အဖြစ်အပျက်များကိုလည်း ဘာသာရေး ဂိုဏ်းဂဏ
မှန်ဘီလူးများဖြင့်သာ ရှု့ မြင် ခဲ့ကြသည်။

သို့ အတွက် မူဆလင် များမှ ရိုဟင်ဂျာ အရေးအား
ရှုတ်ချ ပြောဆိုနေကြခြင်းသည် တသီးပုဂ္ဂလိက ဆန်
ပြီး ဘက်လိုက်မှု သက်သက်သာ ဖြစ်သည်။ လူသား
များ ဒုက္ခသုက္ခရောက်နေကြမှုအား ဘာသာရေး ပြသာ
နာ အဖြစ် ပုံဖေါ်ရန် ကြိုးပမ်းလာခဲ့မှုများဖြင့် သေးသိမ်
အောင် ပြုလုပ်ခဲ့ကြသည်။

ရခိုင် ပြည်နယ်အတွင်းရှိ ပဋိပက္ခသည် ဘာသာရေး.ပဋိပက္ခ မည်သည့်အခါကမှ မဟုတ်ခဲ့ပေ။ အဆိုပါ ဒေသ အတွင်း ဆယ်စုနှစ်ပေါင်းများစွာကတည်းက
ပေါ်ပေါက်နေသော စီးပွားရေး နှင့် နိုင်ငံရေး ပြသာနာ
များကြောင့် ဖြစ်ခဲ့ရခြင်းပင်။ သို့သော် ပြင်ပမှ "ရို" များ
အား ဂျီဟတ် ဆေးခါးများ တိုက်ကြွေးလာမှုများ
ကြောင့် ၎င်းတို့ ၏ မလုံခြုံသော.ဘ၀များအား စစ်
သွေးကြွ ပုံစံ ပြောင်းလဲသွားခဲ့ရပြီး တန်ဖိုးကြီးကြီး
ပေးဆပ်ခဲ့ရပေတော့သည်။

သြဂုတ်လ ၂၅ ရက်နေ့က မြန်မာလုံခြုံရေးတပ်ဖွဲ့များကို
ဝင်ရောက်တိုက်ခိုက်မှု ခဲ့သော အာဆာ အဖွဲ့သည်
ဂျီဟတ် အဖွဲ့ များနှင့် အဆက်အသွယ် ရှိသူများဖြစ်ကြ
ပေသည်။ ၎င်း ရိုဟင်ဂျာ စစ်သွေးကြများသည်
ဆော်ဒီအာရေဗီယား၊ ပါကစ္စတန် နှင့် အာဖဂန်နစ္စတန်
တို့ နှင့် ဆက်သွယ်ခဲ့သည်ဆိုသော သတင်းများက
ထွက်ပေါ်ခဲ့ပြီးလည်း ဖြစ်သည်။

ပြီးခဲ့သည့် ပဋိပက္ခ အစပိုင်းမှာပင် အာဖဂန်နစ္စတန်
နှင့် ပါကစ္စတန်ရှိ ဂျီဟတ် အုပ်စုများက ရံပုံငွေများ ရှာ
ဖွေပြီး အကူအညီပေးခဲ့ကြသည်။ ထိုအပြင် အင်ဒိုနီရှားရှိ အစ္စလာမ် ၀ါဒီများက လည်း ပို၍ ထဲထဲဝင်ဝင်
ပါတ်သက်လာခဲ့ကြသည်။

အဆိုပါ ပါဝင် ပါတ်သက်နေသူများက အယ်လ်ကိုင်ဒါ နှင့် IS အဖွဲ့ များနှင့်လည်း အဆက်အသွယ် ရှိနေကြ
ပြန်သည်။ မြန်မာ အစိုးရ မှ မိမိတို့ အနေဖြင့် ဂျီဟတ်
အန္တရာယ်ကို တုန့် ပြန်နေခြင်းသာ ဖြစ်သည်ဟု ပြော
ဆို ခဲ့ကြသည်။ ယင်းသည်ကား တစိတ်တပိုင်းအား
ဖြင့် မှန်ကန်သည်ဟု ဆိုရမည် ဖြစ်ပြီး ၎င်းတို့
ကြောင့် "ရို" များ အပေါ် ဖိနှိပ်မှုများ ပို၍ပင် တရားမျ
တမှု ရှိလာခဲ့ရပေသည်။

ရခိုင် အရေးအား ထိုကဲ့သို့ အစ္စလာမ်အရေး ဖြစ်
အောင် ပုံသွင်းလာခဲ့မှုကြောင့် ရိုဟင်ဂျာ ဆိုသူများ
သာ ဒုက္ခ ပင်လယ်ဝေခဲ့ကြရပေသည်။ ပြသာနာကို
သံတမန်ရေး နည်းလမ်းများ၊ လူ့ အခွင့်အရေး အရ
ကိုင်တွယ်ကြရမည့်အစား အစ္စလာမ် နိုင်ငံများက
ဂျီဟတ် ပုံစံ ဘာသာရေး အရ ပုံဖေါ်လာနိုင်ရန် ရွေး
ချယ်လာခဲ့ကြသည်။

ထို့ အတွက် အဆိုပါ ပြုမူချက်များသည် မြန်မာအာ
ဏာပိုင်များ လက်တွင် ဒုက္ခရောက်နေကြသော ရို
ဟင်ဂျာ မျိုး နွယ်စု များ အတွက် ကောင်းသော အလား
အလာ များ ပေါ်ပေါက်လာစရာ အကြောင်းမရှိပေ။ မူဆလင် များ၏ ကြောင်သူတော် လုပ်ရပ်နှင့် ဂျီဟတ်
အတွေးအခေါ်များကြောင့် ပြသာနာများ ပိုမို ဆိုးရွား
လာခဲ့ရခြင်းသာ ဖြစ်ပေတော့သည်။

Hla Soewai
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.