သံတမန်တွေ ခရီးစဉ် ရွှေ့ဆိုင်း


မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာမှာ သတ်ဖြတ်ပြီး မြေမြှုပ်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ မိသားစုဝင်အချို့ကို စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်
မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာမှာ သတ်ဖြတ်ပြီး မြေမြှုပ်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ မိသားစုဝင်အချို့ကို စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် မောင်တောဒေသကို ဒီနေ့သွားရောက်လေ့လာကြမယ့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ သံတမန် အဖွဲ့တွေရဲ့ ခရီးစဉ်ကို ရာသီဥတုအခြေအနေကြောင့် ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

သံတမန်တွေရဲ့ ခရီးစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်ပေမယ့် ဘယ်နေ့လာရောက်ကြမယ်ဆိုတာ အတိအကျ မပြောနိုင်သေးဘူးလို့ ရခိုင်ပြည်နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်ကပြောပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကို ခံခဲ့ရတဲ့ကျေးရွာတွေကို ဒီနေ့သွားရောက်လေ့လာဖို့အတွက် အစိုးရအစီအစဉ်နဲ့ သံတမန် ၇၀ ကျော်ကို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ဟိန္ဒူဘာသာဝင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ နေရာကိုလည်း သွားရောက်ပြသဖို့ စီစဉ်ထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောဆိုထားတာပါ။

ဒီနေ့ စစ်တွေမြို့မှာ မိုးသည်းထန်ပြီး ရာသီဥတုဆိုးရွားနေတာကြောင့် စစ်တွေကနေတစ်ဆင့် မောင်တောမြို့နယ် ကို ရဟတ်ယာဉ်ပျံသန်းဖို့ အခက်အခဲရှိနေတယ်လို့လည်းသိရပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.