ရခိုင်မြောက်ပိုင်းမှာ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်



စက်တင်ဘာလ ၄ ရက်က တွေ့ရတဲ့ မောင်တောမြို့နယ်တွင်းက မီးလောင်မှု မြင်ကွင်းတစ်ခု
ဒေသခံတိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်နိုင်ဖို့အတွက် ရခိုင်မြောက်ပိုင်းမှာ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ် ဆောင်ရွက်နေတယ်လို့ ရခိုင်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတော် လုံခြုံရေးကို ထိပါးလာတဲ့ ကိစ္စမှန်သမျှကို တပ်မတော်က လိုအပ်သလို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

အခုလို ကြေညာတဲ့အတွက် တပ်မတော်သားတွေဟာ စစ်မြေပြင်စည်းကမ်းနဲ့အညီ တာဝန်ထမ်းဆောင်မှာ ဖြစ်ပြီး စစ်မှုထမ်းခြင်းဆိုရာ ခံစားခွင့်တွေနဲ့လည်း အကြုံးဝင်စေတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက နယ်ခြားစောင့်ရဲတပ်စခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုတုန်းကလည်း အခုလို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ် လုပ်ဆောင်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.