နိုင်ငံတာဝန် ထမ်းဆောင်ရင်း အသက်စွန့်သွားသည့် ရခိုင်ဒေသမှ လုံခြုံရေး၊ ကျန်းမာရေး ၀န်ထမ်းများနှင့် ဒေသခံ ဒုက္ခသည် ရခိုင်တိုင်းရင်းသားများအတွက် ကျပ်သိန်း ၁၃၀၀ လှူဒါန်း


ရခိုင်ပြည်နယ် အကြမ်းဖက်မှုဖြစ်စဉ်များအတွင်း ဆုံးပါးခဲ့သူ နိုင်ငံ့သားကောင်းဝန်ထမ်းများအတွက် ၄င်းတို့၏ ကျန်ရစ်သူမိသားစုများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ၂၀၁၇ ဩဂုတ်လ (၂၉)ရက်နေ့ကလည်း ငွေကျပ် သိန်းသုံးရာကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ဧရာဝတီဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်အတွင်း နိုင်ငံလုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအတွက်နှင့် အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအတွက် ငွေကျပ် သိန်းတစ်ထောင်ကို ၂၀၁၇ စက်တင်ဘာလ (၁)ရက်နေ့က နေပြည်တော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ခန်းမတွင် ပေးအပ်လှူဒါန်းခဲ့ပါသည်။

Ref - Irrawaddy Foundation

The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.