ကုလသမဂ္ဂရုံးချုပ်ရှေ့တွင် မြန်မာနိုင်ငံတော်သီချင်းဆိုပြီး ဆန္ဒပြခဲ့သည့် ဒေါ်မာမာအေး


အမေရိကန်နိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံကျော် ဂန္ထဝင်အဆိုတော်ကြီး ဒေါ်မာမာအေးက ကမ္ဘာ့ကုလသမဂ္ဂရုံးချု ပ် ရှေ့မှာ သွားရောက်ပြီး မြန်မာနိုင်ငံတော် သီချင်းကို ဆိုကာ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၂၅ ရက်က စတင်ဖြစ်ပွားခဲ့သော ဘင်္ဂလီအကြမ်းမှုကိစ္စများကြောင့် ကမ္ဘာ့မီဒီယာများနှင့် ကုလသမဂ္ဂကပါ တလွဲသတင်းများဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထိုးနှက်ခဲ့ကြပါတယ်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့်အနေအဖြင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် အဖွဲ့အစည်းအမျိုးမျိုးက ဆန္ဒပြနေကြသလို ပြည်ပရောက်မြန်မာနိုင်ငံသားများကလည်း နိုင်ငံအနှံ့အပြားတွင် ဆန္ဒပြနေကြပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့မှာတော့ အမေရိကန်ရှိ ကုလသမဂ္ဂရုံးရှေ့တွင် အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်အတူ အဆိုတော်ကြီး ဒေါ်မာမာအေးလည်း ပါဝင်ဆန္ဒပြပြီး မြန်မာနိုင်ငံတော်သီချင်းကို သီဆိုခဲ့တာဖြစ်ပါတယ်။ We stand with you Daw Aung San Suu Kyi(ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်သည်) ဆိုသည့် စာသားများကိုင်ဆောင်ပြီး ကုလသမဂ္ဂရုံးချုပ်ရှေ့တွင် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြသည်။

“ကိုယ့်အမိနိုင်ငံရဲ့

နိုင်ငံတော်သီချင်းကို

ကမ္ဘာ့ကုလသမဂ္ဂ ဟစ်တိုင်မှာ

ကိုယ့်နိုင်ငံသားတွေနဲ့အတူ

သီဆိုခဲ့ရလို့ ကျေနပ်ဝမ်းသာပါကြောင်း”

လို့ ဒေါ်မာမာအေးက သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာတွင် ရေးသားထားသည်။

ဒီလိုလုပ်နိုင်ခဲ့တဲ့အတွက် အရမ်းကျေနပ်နေပုံရတဲ့ ဒေါ်မာမာအေးက အထက်ပါ ရေးသားချက်(ပိုစ့်)ကို သူမရဲ့စာမျက်နှာတွင် အကြိမ်ကြိမ် ပြန်လည် Share လုပ်ထားတာကိုလည်း တွေ့ရသည်။ အဆိုတော်ကြီးဒေါ်မာမာအေးက နိုင်ငံရေးစိတ်ပါဝင်စားသူဖြစ်ပြီး အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဖော့ဝိန်မြို့တွင် နေထိုင်လျှက်ရှိသည်။

Picture©Myat Min,Mar Mar Aye
credit ...

ZN.H
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.