ကျောက်မဲမြို့တွင် မသင်္ကာ၍ စစ်ဆေးရာမှ တပ်ဖွဲ့ဝင်များအား သေနတ်၊ လက်ပစ်ဗုံးနှင့်ပစ်ခတ်ထွက်ပြေး


ကျောက်မဲမြို့၊ အမှတ်(၉)ရပ်ကွက်၊ ရွှေပြည်ဦးလမ်းမကြီးပေါ်မှာ စက်တင်ဘာ(၅)ရက် မနက်(၁)နာရီမိနစ်(၄၀)ခန့်က ဆိုင်ကယ်နဲ့ လှည့်ကင်းလှည့်နေတဲ့ ခမရ (၅၀၁) ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာ နောက်ကဆိုင်ကယ်နဲ့ လိုက်လာတဲ့ အမျိုးသားတစ်ဦးကို မသင်္ကာလို့ စစ်ဆေးရာက ကျည်မထွက်တဲ့ ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွား တယ်လို့ သိရပါတယ်။


 အဆိုပါ မသင်္ကာသူဟာ သူ့ရဲ့ သေနတ်ကျည်မထွက်တဲ့အတွက် လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ရာမှာ လက်ပစ်ဗုံးလည်း ပေါက်ကွဲခြင်းမရှိခဲ့ပါဘူး။ ဖြစ်စဉ်အတွင်း မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးရှိနေတာကြောင့် စကခ(၁)နဲ့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက တာဝန်ရှိသူတွေဟာ သွားရောက် စစ်ဆေးခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်သူအမျိုးသားကတော့ စီးနင်းလာတဲ့ ဆိုင်ကယ်ကို ထားခဲ့ပြီး ရွှေဖီဦးလမ်းမပေါ်ကနေ စွယ်တော်လမ်းကြားဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.