အိန္ဒိယတပ်နဲ့ နာဂသူပုန် တိုက်ပွဲဖြစ်၊ အကျအဆုံးများ


မြန်မာနယ်စပ်မှာ အိန္ဒိယ အစိုးရတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်သူပုန်တွေကြား မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ သူပုန်တွေဘက်က အကျအဆုံးများခဲ့တယ်လို့ သိရပါတယ်။

NSCN-K ခေါ် ကက်ပလန် နာဂသူပုန်အဖွဲ့နဲ့ အိန္ဒိယတပ်တွေ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
နာဂသူပုန်ဘက်က အကျအဆုံး အထိအခိုက် အများအပြားရှိခဲ့ပြီး အိန္ဒိယအစိုးရဘက်က အထိအခိုက် မရှိဘူးလို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

၂၀၁၅ ခုနှစ်က မြန်မာနယ်စပ်အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အိန္ဒိယအစိုးရတပ်ဘက် လူ ၂၀ ကျဆုံးခဲ့တာကို တန်ပြန်လက်စားချေလိုက်တာလို့လည်း ပြောပါတယ်။

အိန္ဒိယအရှေ့မြောက်ပိုင်း မြန်မာနယ်စပ်တလျောက် တောတောင်ထူထပ်ရာ မြန်မာဘက်ခြမ်းမှာ လူမျိုးစု သူပုန်အဖွဲ့တွေ ၀င်ရောက်ခိုအောင်းနေကြပြီး နယ်မြေကိစ္စနဲ့ပတ်သက်လို့ အိန္ဒိယအစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေကြဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.