ဘူးသီးတောင်မြို့ အကြောသေ ရပ်ဆိုင်း



စစ်တွေရှိ ရခိုင် ဒုက္ခသည် စခန်းအတွင်းမှာ နေထိုင်ဖို့ မှတ်ပုံတင် စာရင်းပေးသွင်းနေသူ ရခိုင်လူမျိုးတချို့
ဘူးသီးတောင် မြို့နယ်တခုလုံး သက်ဝင်လှုပ်ရှားမှု ရပ်ဆိုင်းသွားပြီလို့ ကိုယ်တိုင်ရောက်ရှိနေတဲ့ ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ထားပါတယ်။

ဘူးသီးတောင်မြို့ပေါ်မှာ ဈေးဆိုင်တွေ အားလုံးနည်းပါး ပိတ်ထားကြသလို လမ်းပေါ်မှာလည်း လူသွားလူလာကင်းမဲ့ခြောက်ကပ်နေတယ်လို့ ဆိုပါတယ်။

မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ် အတွင်းရှိ ကျေးရွာတွေကနေ ထွက်ပြေးခိုလှုံနေကြသူ ရခိုင်လူမျိုး ဒုက္ခသည် စုစုပေါင်း ၃၀၀၀ လောက်လည်း ဘူးသီးတောင်မြို့ပေါ်ကို ရောက်နေကြပါတယ်။

ရခိုင်လူမျိုးပိုင်လယ်မြေတွေကို ရိုဟင်ဂျာတွေက ဖျက်ဆီးတာတွေရှိသလို ဘုရားကျောင်းကန်တွေကို ဖျက်ဆီးတာတွေလည်း ရှိတယ်လို့ ရခိုင်ဒုက္ခသည်တွေက ပြောပါတယ်။

တချို့ဒုက္ခသည်တွေဟာ ဘယ်ကို သွားရမှန်းမသိဖြစ်နေပါတယ်။ တချို့ကတော့ စစ်တွေကို သွားဖို့ ရည်ရွယ်ထားကြပေမယ့် အမြန်ရေယာဉ်အတွက် လက်မှတ်မရလို့ စောင့်ဆိုင်းနေကြရတယ်လို့ ဆိုပါတယ်။

မကြာခင်က ARSA အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့က ရဲကင်းစခန်း ၃၀ ကျော်ကို စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ရခိုင်လူမျိုး ၊ မြိုလူမျိုးနဲ့ အစိုးရဝန်ထမ်းတွေကိုလည်း သတ်ဖြတ်မှုတွေရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဘူးသီးတောင်မောင်တောမြို့နယ်တွေမှာ လူနည်းစုလို ဖြစ်နေတဲ့ ရခိုင်လူမျိုးတွေဟာ ပဋိပက္ခကြောင့် ဒေသတွင်းမှာ ဆက်လက် မနေထိုင်ရဲကြဘဲ ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.