ဘင်္ဂါလီလူငယ်များကို စည်းရုံးသိမ်းသွင်းမည့် အကြမ်းဖက်သမားတစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီး


ဘင်္ဂါလီ လူငယ်ပိုင်း ကို ပစ်မှတ်ထားစည်းရုံးကာ အ ကြမ်းဖက်သင်တန်းပေးရန် ရည် ရွယ်ထားသည့် အယ်လ်ကိုင်ဒါ အဆက်အနွှယ်တစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့ သည်။
အသက် (၂၈) နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဆာမီယန်ရာမန် ကို ဒေလီမြို့တော်တွင် ဖမ်းဆီးရမိ ခဲ့သည်ဟု အိန္ဒိယမီဒီယာများက အတည်ပြု ဖော်ပြသည်။ ရာမန်သည် အယ်လ်ကိုင်ဒါအဖွဲ့၏ လူသစ်စုဆောင်းရေး လှုပ်ရှားမှုများ တွင် အရေးပါသူတစ်ဦးဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ရာမန်သည် အိန္ဒိယတွင် စစ်သွေးကြွအဖွဲ့ခွဲများ ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိနေကြောင်း အိန္ဒိယအာဏာပိုင်များက စွပ်စွဲ ထားသည်။ ၎င်းသည် ဒေလီ၊ မီဇိုရမ်နှင့် မဏိပူရတို့တွင် အကြမ်း ဖက်အဖွဲ့ခွဲများ ဖြန့်ကြက်ရန် စီစဉ်ခြင်းဖြစ်သည်။

ရာမန်သည် ဘင်္ဂါလီ မျိုးနွယ် စု လူငယ်ပိုင်းကို ပစ်မှတ်ထား စည်းရုံးသိမ်းသွင်းကာ အိန္ဒိယတွင် အကြမ်းဖက် လှုပ်ရှားမှုများ အကောင်အထည်ဖော်ရန် ရည်ရွယ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကြေညာ ချက်၌ ဖော်ပြသည်။

၎င်းကို ယခင်က ဘင်္ဂလား ဒေ့ရှ်တွင် ဖမ်းဆီးပြီး အကြမ်းဖက် လှုပ်ရှားမှုများကို ငွေကြေး ထောက်ပံ့မှုဖြင့် စွဲချက်တင်ခဲ့ သော်လည်း ယခုနှစ် ဧပြီ၌ ပြန် လည်လွတ်မြောက်လာသည်။ ၎င်း သည် အယ်လ်ကိုင်ဒါတို့နှင့် ဆက်နွှယ်မှုရှိသည့် အယ်လ်နျူဆာရာ အကြမ်းဖက်အဖွဲ့နှင့်လည်း တိုက်ရိုက်အဆက်အသွယ်ရှိကြောင်း သတင်းထုတ်ပြန်ချက်က ဆို သည်။ အယ်လ်ကိုင်ဒါ၊ အယ်လ် နျူဆာရာ ခေါင်းဆောင်ပိုင်းနှင့် ဆက်သွယ်ရာတွင် လျှို့ဝှက် Messaging App တစ်ခု အသုံး ပြုလေ့ရှိကြောင်း ရာမန်က ဝန်ခံ သည်။

ဒေလီ၊ ဘီဟာ၊ ကက်ရှ်မီး ယားတို့အပါအဝင် အိန္ဒိယနိုင်ငံရှိဒေသအချို့တွင် ဖြန့်ကြက်ရောက်ရှိနေသည့် ဘင်္ဂါလီများနှင့် အဆက်အသွယ် ပြုလုပ်ထားပြီးဖြစ် ကြောင်း ၎င်းက ထွက်ဆိုသည်။ ဒေလီ ရဲတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်ကွန်ရက်များ၏ အရေးအပါ ဆုံး လူသစ်စုဆောင်းမှု အစီအမံတစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့သည် ဟု သတင်းများက ဆိုသည်။

ဒေလီရဲတပ်ဖွဲ့သည် ရာမန် ၏ လှုပ်ရှားမှုကို လွန်ခဲ့သည့် နှစ်လခန့်က စတင်ခြေရာခံမိခဲ့ပြီး ထိုစဉ်ကတည်းက လျှို့ဝှက်ထောက် လှမ်းခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့်လက ဘင်္ဂလားဒေ့ရှ် ပိုင်နက်ဘက် သို့ ဝင်ရောက်ခဲ့ကြောင်းလည်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

India Today သတင်းစာ၏ အဆိုအရ ရာမန်သည် မြန်မာ့တပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်နေ သည့် ဘင်္ဂါလီအကြမ်းဖက်အုပ်စု များကို စုစည်းရာတွင် ပါဝင်လှုပ် ရှားခဲ့သည်။ ၂၀၁၄ တွင် ၎င်းသည်ဗြိတိန် ပတ်စ်ပို့ကိုင်ဆောင်ကာ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိခဲ့ ကြောင်း၊ ဆီလ်ဟတ်၊ နာဘီဂန်ဂ်ျ၊ဒါကာ အစရှိသည့် ဒေသများသို့လှည့်လည်ကာ လူသစ်များ စုဆောင်းခဲ့ပြီး နောက်ပိုင်း အဆို ပါ စစ်သွေးကြွလူသစ်များသည်စစ်တကောင်းမှတစ်ဆင့် မြန်မာ နိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း ရာမန်က ထွက်ဆိုသည်။

ရာမန်သည် ဘင်္ဂါလီမျိုးနွယ်စု လူငယ်ပိုင်းကို ပစ်မှတ်ထား စည်းရုံးရန်နှင့် အိန္ဒိယတွင် အ ကြမ်းဖက်အဖွဲ့ခွဲများ ထူထောင် လှုပ်ရှားရန် ရည်မှန်းချက် နှစ်ခုဖြင့် လျှို့ဝှက်ကြံစည် အကောင်အထည် ဖော်နေချိန်၌ ဖမ်းဆီးခြင်းခံခဲ့ရသည်။

—Ref: India Today, Times Of India

===========

7Day News Journal

http://7daydaily.com/story/108055
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.