ကိုထင်ကျော် လွတ်မြောက်



ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို တွေ့ရစဉ်။ Photo: RFA
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ဟာ ဒီကနေ့ အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက် လာပါတယ်။

တရားစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က)နဲ့ ပတ်သက်ပြီး တပ်မတော်က အမှုကိုရုတ်သိမ်းလိုက်တဲ့အတွက် ဒီအမှုကို ဆက်ပြီးရင်ဆိုင်ဖို့ မလိုတော့ဘူးလို့ ကိုထင်ကျော် က ပြောပါတယ်။

"တပ်ကစွဲထားတဲ့ ၅၀၅ (က) က ကြေအေးတယ်လို့ မခေါ်ဘူး။ အမှုရုတ်သိမ်းတယ်လို့ ခေါ်တာပေါ့။ ဒီပုဒ်မက ကျေအေးခွင့်မရှိတဲ့ ပုဒ်မလေ။ အမိန့်ချခါနီးမှ သူကဒီဟာကို ပြစ်မှုဆိုင်ရာကျင့်ထုံး ၂၄၈ အရပေါ့ဗျာ၊ အမှုရဲ့မည်သည့်အဆင့်မှာမဆို ပြန်ရုတ်သိမ်းခွင့်ရှိတယ်လို့ ပြဌာန်းထားတယ်လေ။ ပြစ်မှုဆိုင်ရာကျင့်ထုံး ၂၄၈ အရ သူတို့ ပြန်ရုတ်သိမ်းသွားပြီးတော့မှ တရားရုံးက အမှုကို အပြီးပြတ် လွှတ်လိုက်တာပေါ့။ ၅၀၅ (က) အမှုက ပြီးပြတ်သွားပါပြီခင်ဗျ၊ ရင်ဆိုင်စရာမလိုတော့ပါဘူးခင်ဗျ။ "

ကိုထင်ကျော်ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလတုန်းက မြောက်ဥက္ကလာပမြို့နယ် တရားရုံးရှေ့မှာ တပ်မတော် အရာရှိတွေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ စကားတွေကြောင့် စစ်ဦးစီးချုပ်ရုံးက ဒုတိယဗိုလ်မှူးကြီးတစ်ယောက်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုနဲ့ အင်းစိန်အကျဉ်းထောင်မှာ ၁၁ လကြာ နေခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံနဲ့ မီးသတ်ရေကန်ကို ကာရံထားတဲ့ အုတ်တံတိုင်းတွေကို အများပြည်သူပိုင်တဲ့ ပန်းခြံအဖြစ် ပြန်လည်ရရှိဖို့ ဆန္ဒပြရင်း ၀င်ဖျက်ခဲ့တာကြောင့် ပိုင်နက်ကျုးလွန်မှုပုဒ်မ ၄၄၇၊ အကျိုးစီးပွားဖျက်စီးမှု ပုဒ်မ ၄၂၇ နဲ့ ကိုထင်ကျော်ကို တရားစွဲထားတဲ့အမှုလည်း အာမခံရရှိခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.