တိုင်ကြားခံထားရတဲ့ ပုသိမ်ပါမောက္ခချုပ်ကိစ္စ တိုင်းအစိုးရ စစ်ဆေးပြီး


ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်ကို ငွေကြေးအလွဲသုံးစားပြုလုပ်မှု၊ ဝန်ထမ်းခန့်အပ်ရာမှာ တစ်ဦးတည်းသဘောနဲ့ ဆောင်ရွက်ခဲ့မှုတွေရှိတယ်ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးထံ တိုင်ကြား ထားမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်ပြီး စစ်ဆေးတွေ့ရှိချက်တွေကို သမ္မတရုံးထံ ပြန်လည် အကြောင်းကြားထားပြီးဖြစ်တယ် လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး က ပြောပါတယ်။

တိုင်းအစိုးရအဖွဲ့ဘက်က လေ့လာတွေ့ရှိချက်တွေကို တင်ပြထားပြီး သမ္မတရုံးကလည်း ပြန်လည်စိစစ်လိမ့်မယ်လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး က ပြောပါတယ်။

"ကျမတို့ကနေ တင်ပြထားတဲ့ကိစ္စအပေါ်မှာ သမ္မတရုံးကနေ ပြန်ပြီးတော့ စိစစ်ပါလိမ့်မယ်ရှင့်။ ဘာဖြစ်လို့ လည်းဆိုတော့ သူတို့ဘက်က စိစစ်ဖို့လည်းတာဝန် ရှိနေလို့ပါ။ ပြန်စိစစ်ပါလိမ့်မယ်။ စိစစ်မယ်လို့လည်း မျှော်လင့်ပါတယ်ရှင့်။"

ဂျပန်နိုင်ငံလေ့လာရေးခရီးစဉ်အတွက် ကျောင်းသူကျောင်းသားတွေကို ရွေးချယ်ရာမှာ ပါမောက္ခချုပ်က သူနဲ့ နီးစပ်တဲ့ကျောင်းသူကျောင်းသားတွေနဲ့ အပြင်က သူတွေကိုပါ ထည့်သွင်းခဲ့တာတွေရှိခဲ့တယ်ဆိုပြီးလည်း တိုင်ကြားထားတယ်လို့ သိရပါတယ်။

တိုင်ကြားချက်တွေနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်ခဲ့ရမှာ ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်မှာ အစိုးရက သာမာန် အသုံးစရိတ် အဖြစ်ချထားပေးခဲ့တဲ့ ငွေကြေးတွေကို ခေါင်းစဉ် ပြောင်းလဲသုံးစွဲ ခဲ့တာတွေ၊ ကျောင်းသူအယောက် ၁၀၀ ဆံ့တဲ့ အဆောက်အအုံဆောက်လုပ်ဖို့ ပြည်ထောင်စု အစိုးရက ချထားပေးတဲ့ ငွေကို ဧည့်ဂေဟာပုံစံ ဆောက်လုပ်ခဲ့တာတွေ တွေ့ရတယ်လို့ ၀န်ကြီး ဒေါက်တာလှမြတ်သွေးက ပြောပါတယ်။

ဒါ့အပြင် ကျောင်းသူကျောင်းသားတွေဆီက ဂျပန်-မြန်မာပညာရေးဆိုင်ရာနှီးနှောဖလှယ်ပွဲ ပြုလုပ်ဖို့ဆိုပြီး ငွေကြေးကောက်ခံခဲ့တာတွေကို တွေ့ရတယ်လို့ လည်း ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.