ကုလအထွေထွေညီလာခံ ဒေါ်စုတက်မည်မဟုတ်ဟု သတင်းထွက်


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုအဆင့်တဲ့ဖြစ်လာနိုင်တာကို ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက စိုးရိမ် ဝေဖန်မှုတွေရှိလာသလို၊ လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် အထွေထွေညီလာခံအတွင်း မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်လာခဲ့ရင် ဒီအကြောင်း တုံ့ပြန်ဖြေရှင်းလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ဒါပေမယ့် နောက်ဆုံးရရှိတဲ့ သတင်းအရတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အထွေထွေညီလာခံကို တက်ရောက်နိုင်မှာမဟုတ်ဘူး၊ သူ့အစား ဒုသမ္မတ ဦးဗန်ထီးယူ တက်ရောက်မယ်လို့ သိရပါတယ်။ ဒီကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံရုံးကို မေးမြန်းပေမယ့် တရားဝင် ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.