မူးယစ်ဆေးရောင်းသူက ရဲတပ်ဖွဲ့ဝင်တွေကို သေနတ်နဲ့ ပစ်ခတ်ထွက်ပြေး



ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ပန်ပေါင်းကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းချတဲ့အိမ်က ဖမ်းဆီးရမိတဲ့ လက်နက်တွေကို တွေ့ရစဉ်။ ဓါတ်ပုံ - ကိုနေ (သီပေါ)
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ပန်ပေါင်းကျေးရွာမှာ  နေအိမ်တစ်အိမ်မှာ  မူးယစ်ဆေးဝါး ရောင်းချနေတယ် လို့ သတင်းရတဲ့အတွက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးရာမှာ မူးယစ်ဆေးဝါးရောင်းချသူက သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးသွားတယ်လို့  ကျောက်မဲမြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဟန်ဝင်းလှိုင်က ပြောပါတယ်။

ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင်က သတင်းရထားတဲ့ နေအိမ်ကို ၀င်ရောက်ရှာဖွေဖမ်းဆီးရာမှာ မူယစ်ဆေး ၀ါးရောင်းချသူကတော့ ရဲတပ်ဖွဲ့ကို သေနတ်နဲ့ပစ်ခတ်ပြီး တောထဲကို ထွက်ပြေးသွားတယ်လို့ ဒုတိယရဲမှူး ဟန်ဝင်းလှိုင်က ပြောပါတယ်။

"သတင်းပေးကနေ သတင်းပေးတဲ့အခါကြတော့ သူကလက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတာလေ၊ ကျနော်တို့ သူ့ခြံအနီးနားလေး အရောက်ပဲရှိသေးတယ်၊ သူက အဲ့မှာ တပ်နဲ့ ရဲ လာတာကို သိတဲ့အခါ အိမ်နောက်ဖေးကနေ ပစ်ခတ်ပြီးထွက်ပြေးတာပေါ့၊ နောက်က တပ်ကအဖွဲ့က လိုက်တဲ့အခါ လိုက်လို့မရတော့ဘူး၊ တောထဲထိ ထွက်ပြေးတယ်"

အဲဒီ နေအိမ်ကနေ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ ဖမ်းဆီးရမိခဲ့ပြီး နေအိမ်ပတ်လည်မှာလည်း လုံခြုံရေး ကင်မရာတွေ တပ်ဆင်ထားတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ်အတွင်းကနေ ဗုံးသီး တစ်လုံး၊ ဒူးလေးသေနတ် တစ်လက် ၊ တူမီးသေနတ် ကိုယ်ထည်တစ်ခု၊ ဒူးလေးသေနတ် ခဲဖူး ၁၇ ချောင်းနဲ့ စကားပြောစက် နှစ်ခု၊ စိတ်ကြွဆေးပြား ၁၇၇ ပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ ကျောက်မဲမြို့မရဲစခန်းက သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးသွားသူကိုတော့ လက်ရှိမှာ မူးယစ် ပုဒ်မ၊ လက်နက်ပုဒ်မ စုစုပေါင်း ပုဒ်မ ၄ ခုနဲ့ ကျောက်မဲမြို့နယ် ရဲစခန်းမှာအမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.