အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဦးပြုံးချိုအပါအ၀င် ၅ ဦးကို ရုံးထုတ်



ကရင်ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးပြုံးချို အပါအ၀င် ၅ ဦးကို သြဂုတ်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးမှာ ရုံးထုတ်လာစဉ်။ Photo: Htet Arker/ RFA
အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချို အပါအ၀င် ၅ ဦးကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ဒီနေ့ ရုံးထုတ်ခဲ့ပေမယ့် အမှုစစ်ဆေးခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

တရားလိုဘက်က လာရောက်ခြင်းမရှိတဲ့အတွက် စစ်ဆေးမှု မပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့ကို အမှုပြန်လည်ချိန်းဆိုလိုက်ပါတယ်။

ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချို၊ ပြည်ထဲရေးအရာရှိ ၃ ဦးအပါအ၀င် ၆ ဦးကို ရန်ကုန်မှာရှိတဲ့ မြေကွက်တစ်ကွက်နဲ့ ပတ်သက်ပြီး သိန်းထောင်နဲ့ချီ အဂတိလိုက်စားမှုရှိခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးစိန်တင် က တရားလိုပြုလုပ်ကာ ဗဟန်းမြို့မရဲစခန်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ တို့နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ အဲဒီအမှုမှာပါတဲ့ မော်လိုက်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးကျော်ရဲသွေး ကိုတော့ ၀ရမ်းပြေးအဖြစ် ကြေညာထားပါတယ်။

အဲဒီကိစ္စဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဧပြီလလောက်က စတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.