သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး တပ်ကုန်းမြို့၌ ဆန္ဒဖော်ထုတ်


တပ်ကုန်း စက်တင်ဘာ ၃

ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သပြေကုန်းကျေးရွာအုပ်စု၊ ကံကြီးကျေးရွာ အုပ်စု၊ ကင်းသာကျေးရွာအုပ်စု၊ ကျားသေအိုင်ကျေးရွာအုပ်စုအတွင်းရှိ သိမ်းဆည်းခံလယ်ယာမြေပိုင်ရှင် များ၏ သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိရေးကို စက်တင်ဘာ ၃ရက် နံနက် ၉ နာရီခွဲက ဆန္ဒဖော်ထုတ်လမ်းလျှောက်ကြသည်။

ဆန္ဒဖော်ထုတ်ရာတွင် ဦးအေးသိန်း(ခ)ဦးရန်နိုင် ခေါင်းဆောင်ပြီး ကျေးရွာအုပ်စု(၄)အုပ်စုမှ လယ် ယာမြေသိမ်းဆည်းခံ ပါဝင်သောတောင်သူ(၆ဝ)ဦးတို့က စိုက်ပျိုးရေးသုတေသနခြံရှေ့ စကားဝါလမ်းနှင့် အောင်သီဟလမ်းထောင့်မှ စတင်လမ်းလျှောက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် (ကျန်းမာပါစေ၊ ချမ်းသာပါစေ)၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကျန်းမာပါစေ၊ချမ်းသာပါစေ)၊ကပစတပ် ထိန်းသိမ်းခံ လယ်ယာမြေများ လွတ်လပ်စွာလုပ်ကိုင်ခွင့်ရရှိရေး(ဒို့အရေး -ဒို့အရေး)တပ်ကုန်းမြို့ သိမ်းဆည်းခံလယ် ယာမြေများကိစ္စ ဦးဟင်နရီဗန်ထီးယူ (မေ့မထားပါနဲ့လှည့်ကြည့်ပေးပါ၊ ကူညီပေးပါ)၊ မသက်ဆိုင်သူများ ကို ထုတ်ပေးခဲ့သော ပုံစံ(၇)များ (စစ်ဆေးပေးပါ၊ ဖော်ထုတ်ပေးပါ)၊သိမ်းဆည်းလယ်ယာများနှင့်ပတ် သက်သည့် လီဆယ်တရားစွဲဆိုမှုများ(ရပ်ဆိုင်းပေးပါ၊ရပ်ဆိုင်းပေးပါ)၊တရားဥပဒေစိုးမိုးရေး (ဒို့အရေး - ဒို့အရေး)၊အမှန်တရားများပေါ်ပေါက်ရေး (ဒို့အရေး-ဒို့အရေး) တရားမျှတမှုရရှိရေး(ဒို့အရေး-ဒို့အရေး)၊ ပြည်သူ့အစိုးရကို (အားကိုးပါ၏-အားကိုးပါ၏)ဟူသော ကြွေးကြော်သံများနှင့်အတူ အောင်သီဟလမ်း၊ ပုညက်လမ်း၊ စည်ပင်လမ်း၊ မြဝတီတိုးချဲ့(င) လမ်းအတိုင်း မြို့နယ်အားကစားကွင်းရှေ့အထိ ဆန္ဒဖော် ထုတ်ကြကြောင်း သိရသည်။

တင်စိုးလွင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.