ကာလုံ ခေါ်သင့်မခေါ်သင့် သရ၀ဏ်(ပြည်)

၂၀၁၇ သြဂုတ်လ ၂၉ ရက်နေ့  နေပြည်တော် မှာရှိတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးခုပ်ရုံး (ဘုရင့်နောင်ဧည့်ရိပ်သာ)မှာကျင်းပတဲ့ရခိုင်အရေး သတင်းစာရှင်းလင်းပွဲမှာ ဒုတိယတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဗိုလ်ချုပ်သန်းထွဋ်သိန်းက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာ/လုံ )ခေါ်ယူပြီးလိုအပ်သလိုညှိနှိုင်းလုပ်ဆောင် သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။ အဲဒိမတိုင်မီ ကလည်း ပြည်ခိုင်ဖြိုးပါတီနဲ့ မိတ်ဘက်ပါတီများက ကာ/လုံအစည်းအဝေးခေါ်ယူပေးဖို့  လက်ရှိအစိုးရကိုတောင်းဆိုခဲ့ပါသေးတယ် ။ တပ်မတော်ဘက်ကထောက်ပြတာကတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အုပ်ချုပ်ရေး ယန္တယားပျက်နေပြီး ပိုမိုပြင်းထန်လာပါက အနောက်တံခါးကျိုးပေါက်နိုင်ပြီး ဘင်္ဂလီအကြမ်းဖက်အဖွဲ့ ရဲ့  ရည်မှန်းချက်ဖြစ်တဲ့ လွတ်မြောက်နယ်မြေဖြစ်သွားနိုင်တဲ့အတွက် ကာ/လုံအစည်းအဝေး ခေါ်ယူပြီးညှိနှိုင်းလုပ်ဆောင်သွားရမယ်လို့ ဆိုပါတယ် ။ ကာလုံဟာ လူပြောသူပြောများတဲ့အဖွဲ့ အစည်းဖြစ်ပါတယ် ။ ကွယ်လွန်သူ ဦးကိုနီအပါအ၀င် နိုင်ငံရေးလေ့လာသူတော်တော်များများကလည်း ကာလုံဆိုတဲ့အဖွဲ့မှာ တပ်မတော်က အင်အား၆ မဲရှိတာကြောင့် အင်အား ၅ မဲပဲရှိတဲ့အရပ်သားအစိုးရအပေါ်မှာ တပ်မတော်ကအသာစီးရအောင် တမင် လုပ်ထားတယ်လို့  တောက်လျှောက် ပြောဆိုဝေဖန်မှုတွေရှိခဲ့ပါတယ် ။ ဒါပေမယ့် ဒီတခါထူးခြားတာက ဆွေးနွေးချက်တွေကိုမဲခွဲဆုံးဖြတ်တာမျိုးမဟုတ်ပဲ ဘယ်လိုပဲဆွေးနွေးဆွေးနွေး နောက်ဆုံးအဆုံးအဖြတ်ကတော့ သမ္မတကြီး အဆုံးအဖြတ်ပဲဖြစ်တယ်လို့ တပ်မတော်ဘက်က တရားဝင်ထုတ်ပြောလာတာပဲဖြစ်တယ် ။ ဒါကတော့အင်မတန်ထူးခြားတဲ့ ကမ်းလှမ်းချက်ဖြစ်ပါတယ် ။ ကာလုံအစည်းအဝေးခေါ်မယ် ။ ရခိုင်ပြည်နယ်လုံခြုံရေးကိစ္စဆွေးနွေးမယ်။ဆုံးဖြတ်ချက်ကိုတော့ သမ္မတကြီးဆုံးဖြတ်တာကို တပ်ချုပ် နဲ့တကွ တပ်ဘက်က ကိုယ်စားပြုသူ ၆ ဦးကလက်ခံပါမယ်လို့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခြင်းဟာ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင် သဘောမတူပဲ လွယ်လွယ်ထုတ်ပြောခွင့်မရှိပါဘူး။အထက်ကခွင့်ပြုလို့ ဗိုလ်ချုပ်သန်းထွဋ်သိန်းတို့ ပြောတာဖြစ်မှာပါ ။ တပ်ဘက်ကသဘောထား ပြောင်းလာပြီ (ဒါမှမဟုတ် ပျော့ပြောင်းလာပြီ)လို့ပြောလို့ ရတဲ့အနေအထားမှာ ဆုံးဖြတ်ချက်ဟာ NLD အစိုးရကချမှတ်ရတော့မှာပါ ။ ဒီကိစ္စဟာ ပါတီတခုကိစ္စ ၊ နိုင်ငံရေးကိစ္စမဟုတ်ပဲ အမျိုးသားအကျိုးစီးပွားကိစ္စဖြစ်လာပါပြီ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘင်္ဂလီအကြမ်းဖက်သမား ( ARSA) ကိုတိုက်တဲ့ကိစ္စမှာ စစ်တပ်မပါပဲ မပြီးနိုင်တာ လက်ရှိအမှန်တရားပါ ။ စစ်တပ်မှာလဲ ကာကွယ်ရေးဦးစီးချုပ်ကအခရာပါ ။ အဲဒိကာကွယ်ရေးဦးစီးချုပ်ကို တွေ့ ဆုံပြီး စစ်ရေး ၊ နိုင်ငံရေး၊သံတမန်ရေး ကိစ္စတွေဆွေးနွေးမယ်ဆိုတဲ့ကိစ္စဟာကောင်းတဲ့ကိစ္စဖြစ်ပါတယ် ။ ဒီတချီတော့လုပ်သင့်တဲ့ကိစ္စ ၊လုပ်သင့်တဲ့အချိန်လို့မြင်ပါတယ် ။ အရေးကြီးပြီမို့သွေးနီးကြရပါတော့မယ် ။ ၂၀၀၈ အခြေခံဥပဒေနဲ့ ကာ/လုံ ကို ရောထွေးကြောက်ရွံ့ နေရမယ့်အချိန်မဟုတ်တော့ဘူးလို့မြင်ပါတယ် ။

ကာလုံအစည်းအဝေးဆိုတာတကယ်တော့ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရယ် ၊သမ္မတ ဦးထင်ကျော်ရယ် ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရယ် သုံးပွင်းဆိုင်တွေ့ ဆုံပွဲပါပဲ ။ကျန်တဲ့ ၈ ယောက်က အရံတွေပါပဲ ။ အဓိကကြီးသုံးကြီးကသူတို့ပါ ။ အဲဒိအစည်းအဝေးဟာ နိုင်ငံရေးကစားပွဲမဟုတ်လို့  သမ္မတကြီးနဲ့  ဒေါ်အောင်ဆန်းစုကြည်တို့ အတွက် ဘာမှအရှုံးမရှိနိုင်ပါဘူး ။ ဘယ်လိုပဲဆွေးနွေးဆွေးနွေး နောက်ဆုံးအဆုံးအဖြတ်ကတော့ သမ္မတကြီး ရဲ့အဆုံးအဖြတ်ပါပဲလို့ တပ်မတော်ဘက်ကကြိုတင် ကတိပေးထားတာမို့ တွေ့ လိုက်တာ အရှုံးမရှိဘူး ။ နိုင်င့အတွက် အမြတ်ပဲထွက်နိုင်ပါတယ် ။ အမြတ်ကဘာလဲဆိုတော့ အခုရင်ဆိုင်နေရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တပ်မတော်ကစစ်ရေးအရဘယ်လိုကိုင်တွယ်မယ် ။ တချိန်တည်းမှာပဲ နိုင်ငံတကာဆက်ဆံရေး အတွက် ဒေါ်အောင်ဆန်းစုကြည်တို့က သံတမန်ရေးအရဘယ်လိုကိုင်တွယ်မယ် ၊ ပြည်တွင်းပြည်ပ အုပ်ချုပ်ရေးပိုင်း ၊ထောက်ပံ့ရေးပိုင်း၊ ညှိနှိုင်းဆောင်ရွက်ပံ့ပိုးရေးပိုင်းအတွက် သမ္မတကြီးကဘယ်လိုကိုင်တွယ်မယ်ဆိုတာတွေကို မြန်မာနိုင်ငံရဲ့အရေးအပါဆုံး ခေါင်းဆောင်သုံးဦး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအကျိုးအတွက် မျက်နှာချင်းဆိုင်တွေ့ ဆုံဆွေးနွေးခွင့်ရတာ အလွန်ကောင်းမွန်တဲ့အခွင့်အရေးပါ ။လုပ်လဲလုပ်သင့်ပါတယ် ။

၂၀၀၈ ဖွဲ့စည်းပုံမှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဆိုတာ မရှုပ်မရှင်းရေးထားတာပါ ။ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၂၀၁ မှာ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို ဘယ်သူတွေနဲ့ဖွဲ့ စည်းမယ်လို့သာရေးထားပြီး ဘယ်အချိန်တွေမှာ အစည်းအဝေးခေါ်ရမယ်လို့  သတ်သတ်မှတ်မှတ်ပြဌာန်းမထားပါဘူး ။ကာလုံအစည်းအဝေးဆုံးဖြတ်ချက်ကိုမဲခွဲဆုံးဖြတ်ရမယ်လို့လဲရေးမထားပါဘူး။ ဒါ့ကြောင့် ခေါ်ချင်လဲခေါ်လို့ရသလို မခေါ်ချင်လဲ မခေါ်ပဲနေခွင့်ရှိပါတယ် ။ ခေါ်မိရင်စစ်တပ်ကအမြတ်ထုတ်သွားလိမ့်မယ်လို့  ဒီမိုကရေစီဘက်တော်သားတွေကအစဉ်အဆက်စိုးရိမ်ခဲ့တာပါ ။ အခုတော့ သတင်းစာရှင်းလင်းပွဲမှာတပ်မတော်ဘက်က အဲဒိလိုစိုးရိမ်စရာမရှိဘူး ။ သမ္မတကြီးအဆုံးအဖြတ်ဟာနောက်ဆုံးအပြီးသတ်ဖြတ်ပြီး မဲခွဲဆုံးဖြတ်တာတွေဘာတွေရှိမှာ မဟုတ်တဲ့အကြောင်းကို ဖွင့်ပြောပြီးလမ်းဖွင့်ပေလိုက်ပါပြီ ။ အခြေအနေရော အချိန်အခါရော နိုင်ငံကအရမ်းအရေးကြီးနေပါတယ် ။ ပြည်ပမှာ စစ်ရေးသင်တန်းတွေတက်ထားတဲ့အစွန်းရောက်မူဆလင်အကြမ်းဖက်စစ်သွေးကြွတွေကခေါင်းဆောင်ပြီး မြန်မ့ာအနောက်ဘက်တံခါးကို တိုက်နေတဲ့အချိန်ပါ ။ကာလုံအစည်းအဝေးခေါ်လို့  NLD အတွက်ရောတိုင်းပြည်အတွက်ပါအရှုံးမရှိနိုင်ဘူး ။ မြန်မာ့သမိုင်းမှာ တပ်နဲ့အရပ်ဘက်မညီညွတ်တာတွေများခဲ့တဲ့အတိတ်ကိုခ၀ါချပြီး ဒီတကြိမ်တော့ တိုင်းပြည်မှာတကယ်လိုအပ်နေတာမို့  သမ္မတကြီးက ကာလုံအစည်းအဝေးပထမဆုံးအကြိမ်ခေါ်ပြီး ဘင်္ဂလီအရေးကို တင်းတင်းကြပ်ကြပ်ဖိဖိစီးစီး လုပ်ဆောင်သင့်ပါတယ်လို့ နိုင်ငံသားတယောက်အနေနဲ့ ရိုးရိုးသားယုံကြည်မိကြောင်းပါ ။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ်
၁.၉.၂၀၁၇

COMMENTS

Name

art,1,article,1288,cartoon variety,22,crime,54,culture,1,documentary,7,Entertainment,5,health,29,history,2,international,6711,interview,208,knowledge,5,Live,8,LocalNews,14599,news,2842,opinion,753,photos,202,poem,115,satires,38,song,12,speech,12,sports,131,statement,59,technic,49,translate,33,video,1061,voice,76,
ltr
item
dawnmanhon: ကာလုံ ခေါ်သင့်မခေါ်သင့် သရ၀ဏ်(ပြည်)
ကာလုံ ခေါ်သင့်မခေါ်သင့် သရ၀ဏ်(ပြည်)
https://4.bp.blogspot.com/-xDAXOTwzrR4/VwROD_DDPHI/AAAAAAACC8o/SYbeDgKc9q4jMIVvoDsJ3N5o1vfdf9Iew/s640/DrYMT%2B%25281060%2529%2B4-4-16%2BMon.jpg
https://4.bp.blogspot.com/-xDAXOTwzrR4/VwROD_DDPHI/AAAAAAACC8o/SYbeDgKc9q4jMIVvoDsJ3N5o1vfdf9Iew/s72-c/DrYMT%2B%25281060%2529%2B4-4-16%2BMon.jpg
dawnmanhon
http://www.dawnmanhon.com/2017/09/blog-post_79.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/09/blog-post_79.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy