သမ္မတလက်ထောက်ဆီမှာ ငွေအမြောက်အမြားတွေ့



Geddel vieira lima ရဲ့ တိုက်ခန်းမှာ တွေ့ရတဲ့ ငွေသား
အဂတိ လိုက်စားမှုနဲ့ စုံစမ်း စစ်ဆေး ခံနေရတဲ့ ဘရာဇီး သမ္မတ Michel Temer ရဲ့ အနီးကပ် လက်ထောက် လည်းဖြစ် ၊ ကတ်ဘိနက် ၀န်ကြီးဟောင်းလည်းဖြစ်တဲ့Geddel vieira lima ရဲ့ တိုက်ခန်းမှာ ဒေါ်လာ ဆယ့်ခြောက်သန်းကျော် ရဲက တွေ့ရှိခဲ့ပြီးနောက် သူ့ကို အကျဉ်းချလိုက်ပါတယ်။

တကယ်တော့ မစ္စတာ လီမာ အပေါ် စွဲဆို ထားချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတဲ့ အချိန် ဖြစ်တာမို့ သူ့ဟာ ကာလ အတန်ကြာ အိမ်အကျယ်ချုပ် ချခံ ထားရတာဖြစ်ပါတယ်။

အစိုးရပိုင် ဘဏ်မှာ မသမာမှုတွေ လုပ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သူ့ကို စုံစမ်း စစ်ဆေးနေစဉ် အတွင်း နိုင်ငံ မြောက်ပိုင်း ဆယ်လ်ဗာဒိုး မြို့က သူ့တိုက်ခန်းမှာရှိတဲ့ ခရီးဆောင်အိတ်နဲ့ စက္ကူဖာဗူး တွေထဲမှာ ငွေကြေး အမြောက်အမြား ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးမှာ နိုင်ငံပိုင်ရေနံ ကုမ္ပဏီ ပတ်ထရိုဘရာစ် နဲ့ ပတ်သက်တဲ့ အဂတိ လိုက်စားမှု အရှုတ်တော်ပုံမှာ ပါဝင် ပတ်သက်တယ်ဆိုပြီး သမ္မတ တမဲရ် ကိုယ်တိုင် စုံစမ်း စစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.