မြန်မာ့တပ်မတော်က တူရကီသမ္မတနိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ်၏ ရေးသားချက်များအား ပြတ်ပြတ်သားသားတုန့်ပြန်

Twitter ပေါ်တွင် မဟုတ်မမှန်ဖော်ပြခြင်းအား ပြင်းထန်စွာ
ကန့်ကွက်ရှုတ်ချခြင်း
****************************************************
နေပြည်တော်၊ စက်တင်ဘာ ၃

တူရကီသမ္မတနိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ် Mehmet Simsek သည် ၂၀၁၇ ခုနှစ်၊
သြဂုတ်လ ၂၉ ရက် နေ့တွင် Twitter ၌ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း လူမျိုးတုံး
သတ်ဖြတ်မှုများဟု ရေးသား၍ ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့် မသက်ဆိုင်သော အခြား
ဓာတ်ပုံများကို မဟုတ်မမှန်လွဲမှားစွာ ဖော်ပြခဲ့ပါသည်။ ၂၀၁၇ခုနှစ်၊ သြဂုတ်လ ၂၅
ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း အစွန်းရောက်ဘင်္ဂါလီ
အကြမ်းဖက်တိုက်ခိုက် မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ယနေ့တိုင် နိုင်ငံတော်အစိုးရ
အနေဖြင့်သော်လည်းကောင်း၊ တပ်မတော်အနေဖြင့် သော်လည်းကောင်း နေ့စဉ်ထုတ်
သတင်းစာများ၊ နေ့စဉ်ရုပ်မြင်သံကြား ထုတ်လွှင့်မှုများသာမက အင်တာနက်စာမျက်နှာ
များ၊ လူမှုကွန်ရက်မီဒီယာများတွင်ပါ အချိန်နှင့်တစ်ပြေးညီ ဓာတ်ပုံ၊ ဗီဒီယိုများဖြင့်
သတင်းများဖော်ပြပေးလျက်ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်
ဘင်္ဂါလီ အကြမ်းဖက်မှုဖြစ်စဉ်များအတွက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့်
ရတက်မအေးဖြစ်နေရသည့်အချိန်တွင် နိုင်ငံတစ်ခု၏ နိုင်ငံတော်အဆင့် တာဝန်ရှိသူ
တစ်ဦးအနေဖြင့် ရည်ရွယ်ချက်ရှိစွာ မဟုတ်မမှန် ရေးသား ဖော်ပြခြင်းအတွက်
တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း
သဘောထားထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.