ရခိုင်အရေး ရုရှားနဲ့ အင်ဒိုမြန်မာသံရုံးတွေရှေ့ ဆန္ဒပြ


အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် ဆန္ဒပြစဉ်

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာက မြန်မာသံရုံးကို ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်း လောင်စာရည် ပုလင်းနဲ့ ပစ်ခဲ့မှု ဖြစ်ခဲ့ပြီး ဘယ်သူ့လက်ချက်ဆိုတာကို ဒေသအာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေတယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှု အသေးစိတ်ကိုတော့ မသိရပါဘူး။

ဒါ့အပြင် အင်ဒိုနီးရှား နိုင်ငံ မြန်မာသံရုံးရှေ့မှာ အင်ဒိုနီးရှား စည်းရုံးလှုပ်ရှားရေး အဖွဲ့အစည်းတွေ၊ နောက် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ကြီး Amnesty International ရဲ့ အင်ဒိုနီးရှား ဆိုင်ရာ အဖွဲ့တို့က မြန်မာပြည်က ရိုဟင်ဂျာတွေကို အစိုးရဘက်က ကူညီပေးဖို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ တောင်းဆိုကြပါတယ်။

အင်ဒိုနီးရှားဆိုင်ရာ Amnesty International အဖွဲ့ကြီးနဲ့ အတူ အဖွဲ့အစည်း သုံးခုတို့က ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ကို မြန်မာဘက်က လက်သင့်ခံစေရေး အတွက် သံတမန်ရေး အရ ကြားဝင် ဆောင်ရွက်ပေးဖို့ကိုလည်း အစိုးရကို တိုက်တွန်းပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မနက်ဖြန် တနလာင်္နေ့မှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ ရခိုင်အရေးကို ဆွေးနွေးဖို့ ရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြကြပါတယ်။ ရိုဟင်ဂျာတွေနဲ့ စည်းလုံးမှုကို ပြတဲ့ အနေနဲ့ ရုရှားနိုင်ငံ မော်စကိုမြို့တော်က မြန်မာသံရုံးရှေ့မှာလည်း မူဆလင်တွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က မြန်မာ အစိုးရ ကင်းစခန်း ၃၀ လောက်ကို အကြမ်းဖက်သမားတွေက တချိန်တည်း တပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဖြစ်ခဲ့တဲ့ ဒေသတွင်း အကြမ်းဖက်မှုတွေကနေ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထွက်ပြေးလာသူကလည်း ၇ သောင်း ၃ ထောင်လောက် ရှိနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရဲ့ ပြောခွင့်က အမျိုးသမီး Vivian Tan က ပြောဆိုကြောင်း AP သတင်းက ဖော်ပြထားပါတယ်။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.