အချုပ်ဖောက်ပြေးသူ ၁၀ ဦးအနက် တစ်ဦးအား ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ဖမ်းဆီးရမိ


သုံးဆူ စက်တင်ဘာ ၃

ကရင်ပြည်နယ် ဘုရားသုံးဆူနယ်မြေရဲစခန်းမှူး ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် စက်တင်ဘာလ ၂ ရက်နေ့က အချုပ်ခန်းဖောက်ပြေးလာသော တရားခံပြေးတစ်ဦးအား ဖမ်းဆီးရမိကြောင်းသိရသည်။

စက်တင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက နဂါးတောင် စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ရှာဖွေစစ်ဆေးရာမှ မော်ကျွန်းမြို့မရဲစခန်းအချုပ်အား ဖောက်ပြေးလာသော တရားခံပြေးတစ်ဦးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

``ကျနော်တို့ပူးပေါင်းအဖွဲ့နဲ့ ဖမ်းဆီးရမိတဲ့သူက မော်ကျွန်းမြို့မရဲစခန်းရဲ့ (ပ)၂၉/၂၀၁၆၊ ရာကြီးအမှတ် ၂၉/၂၀၁၇နဲ့ တရားရုံးစစ်ဆေးဆဲတရားခံဖြစ်တဲ့ ရဲသွေးအောင်(ခ)ဌေးလွင်ဖြစ်ပါတယ်၊ မော်ကျွန်းမြို့မရဲစခန်းအချုပ်ကို ဖောက်ပြေးသွားတဲ့ တရားခံပြေး (၁၀)ဦးထဲက တစ်ဦးပါ´´ဟု တာဝန်ရှိ ရဲအရာရှိတစ်ဦးမှ အတည်ပြုပြောကြားသည်။

အဆိုပါတရားခံပြေးမှာ ကြားအင်းဆိပ်ကြီး-ဘုရားသုံးဆူကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် လမ်းကြုံလိုက်လာစဉ် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.