ဘူသီးတောင်မြို့နယ်(၆)မိုင် ကားလမ်း လျိုမြောင်ထဲတွင် ရဲတပ်ကြပ်အလောင်းအား သေနတ်နှင့် အတူ တွေ့ရှိ


နိရဉ္စရာ၊ စက်တင်ဘာ ၅

ဘူးသီးတောင်မြို့နယ် (၆)မိုင် သစ်တောရွာအနီး လျိုမြောင်တစ်ခုထဲတွင် ရဲတပ်ကြပ် တစ်ဦး၏ အလောင်းကို သူကိုင်ဆောင်ထားသည့် လက်နက်နှင့်အတူ စက်တင်ဘာ ၄ ရက်နေ့ ညနေ ၆ နာရီ အချိန်က တွေ့ရှိခဲ့သည်။

၎င်းရဲတပ်ကြပ်မှာ ဘူသီးတောင်မြို့ ရဲစခန်းမှ လ(၁၄၃၄၈၈) ရဲတပ်ကြပ် ဦးလှဖိုးသာ ဖြစ်ကြောင်း ဘူးသီးတောင်ရဲစခန်းမှ အတည်ပြု ပြောကြားသည်။

စက်တင်ဘာ ၄ ရက်နေ့ ညနေ(၆)နာရီအချိန်တွင် ရဲစခန်းသို့ တန်းစီရန်မရောက်ရှိဘဲ ပျက်ကွက်နေသဖြင့် လိုက်လံရှာဖွေကြရာ ၎င်းစီးနှင်းသော SURS အမျိုးအစား ယာဉ်နံပါတ်-9C8378 အဖြူရောင်ယာဉ်အား ဘူသီးတောင်မြို့ သစ်တောရွာအနီး ရဲစခန်းနောက် တောင်ဘက်(၄)မိုင် (၆)ဖာလုံ ခန့်အကွာ ဘူးသီးတောင်- မောင်တော ကားလမ်းတွင် လူမရှိဘဲ ရပ်ထားသည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ဆက်လက်ရှာဖွေရာ ကားနှင့် ကိုက်(၅၀)ခန့်အကွာ လမ်းတောင်ဘက် လျှိုမြောင်ထဲတွင် ၎င်းကိုင်ဆောင်သည့် သေနတ် အမျိုးအစား အမ်း ၂၂ ၊ သေနတ်နံပါတ်-၁၁၇၇ အား ပေါင်ပေါ်တင်လျက် ယာဘက်နားထင်တွင် ကျည်ဖောက် ဒဏ်ရာနှင့် ဝဲဘက် နားအထက် ကျည်ဖောက်ထွက်ဒဏ်ရာများဖြင့် သေဆုံးလျှက်တွေ့ရှိခဲ့သည်ဟု သိရသည်။

အလောင်း၏ ယာဘက်တွင် ကျည်ခွန်တစ်ခု၊ ဝဲဘက်ခြေရင်းတွင် ကျည်(၁)တောင့်၊ သေနတ်ကျည်ဘောက်၌ ကျည်(၂၃)တောင့် တွေရှိရကြောင်း ဘူသီးတော်ရဲစခန်းမှ တာဝန်ရှိသူက ပြောကြားသည်။

၎င်း အမူနှင့် သေဆုံးမူနှင့်ပတ်သတ်ပြီး မိမိကိုယ်သေကြောင်းကြံစေခြင်း(သို့မဟုတ်)တစ်စုံတစ်ဦး၏ လုပ်ကြံ သတ်ဖြတ် ခြင်းကြောင်း သေဆုံးခြင်း ဟုတ်/မဟုတ်ကို စုံစမ်းစစ်ဆေးမူများ ပြုလုပ်နေကြောင်း၊ ဒုရဲအုပ် အောင်မျိုးဝင်းမှ စုံစမ်းစစ်ဆေးမူများပြုလုပ်နိုင်ရန်အတွက် သေမူသေခင်းဖွင့်လှစ်ထားကြောင်း၊ ဘူသီးတောင် ရဲစခန်း မှ သေမူခင်း အမှတ်စဉ် ၁၀/၂၀၁၇ ဖြင့် အမှုဖွင့်ကာ အမူစစ် ဒုရဲမှူးသောင်းကြွယ်မှ လက်ခံ စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

အောင်ကျော်မင်း(မောင်တော)
Narinjara
https://www.facebook.com/Narinjara
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.