နယ်စပ်ခြံစည်းရိုး သံကြိုးများ ဖျက်ဆီး၍ အလွယ်တကူ ၀င်ထွက်သွားလာ၊ တိုင်းရင်းသားနေအိမ် ၃၇ လုံး မီးရှို့ဖျက်ဆီးခံထားရ


[ARSA အစွန်းရောက်အကြမ်းဖက်သမား သတင်း- ၂၆]

နယ်စပ်ခြံစည်းရိုး သံကြိုးများ ဖျက်ဆီး၍ အလွယ်တကူ ၀င်ထွက်သွားလာ၊ တိုင်းရင်းသားနေအိမ် ၃၇ လုံး မီးရှို့ဖျက်ဆီးခံထားရ

စက်တင်ဘာ ၃ ၊၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် နံ့သာတောင်ကျေးရွာသို့ နယ်မြေစိုးမိုးရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး သွားရောက်စဉ် မီးတိုက်ချောင်းဝ ကင်းစခန်းနှင့် ကွမ်းသီးပင်ချောင်းဝ ကင်းစခန်းကြားတွင် ပေ ၁၂၀ ခန့်၊ မီးတိုက်ချောင်းဝ ကင်းစခန်းနှင့် ကွမ်းသီးပင်ချောင်းဝ ကင်းစခန်းကြားတွင် ၃၂ ပေ ခန့် နယ်စပ်ခြံစည်းရိုး ကာရံထားသည့် သံကြိုးများအား ဖျက်ဆီး၍ ချောင်းပေါက်ဝများအတိုင်း တစ်ဖက်နိုင်ငံသို့ အလွယ်တကူ ၀င်ထွက်သွားလာနေနိုင်သည်ကို တွေ့ရှိရသည်။


ထို့ပြင် နံ့သာတောင်ကျေးရွာရှိ တိုင်းရင်းသားနေအိမ် ၃၇ လုံးအား မီးရှို့ ဖျက်ဆီးထားသည်ကို တွေ့ရှိရသည်။

နံ့သာတောင်ပရဟိတစာသင်ကျောင်း ဂြိုဟ်နံဘုရားရှိ ဘုရားဆင်းတုတော် အားလုံး၏ မဏိတော် (ဦးခေါင်းတော်) များ ဖြတ်ထားပြီး ဘုန်းကြီးကျောင်းအတွင်း မီးရှို့ဖျက်ဆီးထားသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.