ဘင်္ဂလားဒေရှ်တွင် အဖမ်းခံရသည့် မြန်မာသတင်းထောက်နှစ်ဦး အာမခံရရှိ


ဘင်္ဂလားဒေရှ်တွင် သတင်းသွားယူသည့်မြန်မာဓာတ်ပုံသတင်းထောက်နှစ်ဦးဖြစ်သည့် မင်းဇေယျာဦးနှင့် ခွန်လတ် တို့အနေဖြင့် ကော့ဇ်ဘာဇားတွင်
ရက်သတ္တပတ် တစ်ပတ်ကျော် ထိန်းသိမ်းခံရပြီးနောက် သောကြာနေ့ (စက်တင်ဘာ ၂၂ ) က အာမခံရရှိကြောင်း သိရသည်။

အဆိုပါသတင်းထောက်နှစ်ဦးသည် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အခြေစိုက် Geo မဂ္ဂဇင်းအတွက် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည်ဆိုသည့် ဘင်္ဂလီများအား သတင်းဓာတ်ပုံရိုက်ကူးရန် ရောက်ရှိလာစဉ် ဘင်္ဂလားဒေရှ် ရဲတပ်ဖွဲ့က သူသျိုလုပ်မှုဖြင့်စွပ်စွဲကာ စက်တင်ဘာ ဒုတိယသီတင်းပတ်အတွင်းက
ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

“ကော့ဇ်ဘာဇား တရာရေးဌာန ရာဇ၀တ်သူကြီးက သူတို့ကိုအာမခံနဲ့လွှတ်ပေးလိုက်တာဖြစ်တယ်”ဟု ၎င်းတို့၏ ရှေ့နေ Jyotirmoy Barua ပြောကြား
ကြောင်း ဒါကာ ထရီဗျူးသတင်းက ဖော်ပြထားသည်။

မြန်မာဓာတ်ပုံသတင်းထောက်နှစ်ဦးသည် ဂျာနယ်လစ်ဗီဇာအစား ခရီးသွားဗီဇာဖြင့် ၀င်ရောက်က သတင်းရယူသည့်အတွက် ဘင်္ဂလားဒေရှ် ရဲတပ်ဖွဲ့က “အယောင်အဆောင်တုပခြင်း”နှင့်“သတင်းအမှားပေးပို့မှု”တို့ဖြင့်
ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း ၎င်းတို့နှစ်ဦး၏ ရှေ့နေက ပြောသည်။

မင်းဇေယျာဦး၏ ရှေ့နေက“ သူက တန်းဝင်ဓာတ်ပုံသတင်းထောက်တစ်ဦးဖြစ်ပြီး သူရိုက်ထားတဲ့ ဓာတ်ပုံတွေကို နယူးယောခ်တိုင်းမ်၊ ဂါဒီးယန်းနဲ့ National Geographic တို့မှာ အဖော်ပြခံရတာတွေရှိတယ်”ဟု ဆိုသည်။
၎င်းတို့နှစ်ဦးကိစ္စနှင့် ပတ်သက်ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ မြန်မာသံရုံးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွန်ကြားထားခြင်းများရှိကြောင်း သတင်းများအရ သိရသည်။

Ref: 2 Myanmar journalists released on bail(Dhaka Tribune)

စိုင်းဟန်
The Ladies News
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.