မောင်တောဒေသကို စစ်ဆင်ရေးဒေသ အဖြစ် အစိုးရခွင့်ပြုချက်နဲ့ သတ်မှတ်လိုက် ပြီဖြစ်



မောင်တောမြို့ အ၀င်ဝကို တွေ့ရစဉ်။ Photo: Min Thein Aung/RFA
အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို စစ်ဆင်ရေးဒေသအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးက ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တင်ပြချက်ကို အစိုးရအဖွဲ့က ခွင့်ပြုပြီး သတ်မှတ်ပေးတာလို့ ဗိုလ်ချုပ် အောင်ရဲဝင်းက ပြောပါတယ်။

"သူ့လုပ်ထုံးလုပ်နည်းအရ ကိုယ်တို့ဘက်က ဖြစ်သင့်တာတို့ ဘာတို့စဉ်းစားပြီးတင်ပြရတာပေါ့ သတ်မှတ် တာကတော့ အစိုးရဘက်က သတ်မှတ်တာပါ"

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက ရဲကင်းစခန်း ၃၀ ကို ပြီးခဲ့တဲ့ သြဂုတ် လ ၂၅ ရက်နေ့မှာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီလိုတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ သတ်ဖြတ်ခံရမှုတွေရှိနေပြီး နေ့စဉ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

လက်ရှိမှာ ကယ်ဆယ်ရေးစခန်းတွေအနေနဲ့ ဘူးသီးတောင်မှာ ၁၁ ခု၊ မောင်တောမြို့မှာ ၆ ခုနီးပါးနဲ့ စစ်တွေမြို့မှာလည်း ၆ ခုလောက်ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.