CCleaner ဆော့ဖ်ဝဲလ်ထဲ ဟက်ကာများ malware ထည့်ဖြန့် ခြင်းကြောင့် သုံးစွဲသူ သန်းနဲ့ ချီ ထိခိုက်


ကွန်ပျူတာနဲ့ အန်းဒရိုက်မိုဘိုင်းစနစ်များရဲ့ လုပ်ဆောင်ချက်ကို အကောင်းဆုံးဖြစ်အောင် ထိန်းညှိပေးတဲ့ CCleaner ထဲကို ဟက်ကာများ malware ထည့်ပြီး အချက်အလက် ရယူသွားခဲ့တယ်လို့ CCleaner ဆော့ဖ်ဝဲလ်ကို ပိုင်ဆိုင်တဲ့ Avast ကုမ္ပဏီမှ အတည်ပြုထားပါတယ်။


ဟက်ကာများဟာ CCleaner ရဲ့ ဗားရှင်းတစ်ချို့ ကို သုံးပြီး သုံးစွဲသူ ၂.၂၇ သန်းရဲ့ ကိုယ်ရေးအချက်အလက်များကို လွှဲပြောင်း ရယူနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဟက်ကာများ ဝင်ရောက်သွားခဲ့တဲ့ CCleaner vesion တွေကတော့ CCleaner 5.33.6162 နဲ့ CCleaner Cloud 1.07.3191 တွေ ဖြစ်တယ်လို့ သိရပါတယ်။ Avast ကုမ္ပဏီကတော့ CCleaner 5.34 နဲ့ အထက် ဗားရှင်းတွေကိုပဲ upgarde မြှင့်ပြီး သုံးဖို့ သုံးစွဲသူများကို တိုက်တွန်းထားပါတယ်။

ဒေါင်းလုပ်ဆွဲမှုပေါင်း ၂ ဘီလျံကျော်အထိ ရှိထားတဲ့ CCleaner ဟာ cookies တွေ ရှင်းဖို့ နဲ့ web privacy တစ်ချို့ ကို ကာကွယ်နိုင်ဖို့ ထုတ်ထားတဲ့ နာမည်ကြီး ဆော့ဖ်ဝဲလ်တစ်ခု ဖြစ်သလို ဟက်ကာများ အကြိုက်တွေ့ နေတဲ့ ပစ်မှတ်တစ်ခုလည်း ဖြစ်နေတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ယခုတိုက်ခိုက်မှုကို စက်တင်ဘာလ ၁၂ ရက်နေ့ မှာ စတင်သတိထားမိလာတာ ဖြစ်ပါတယ်။


malware ထည့်ခံထားရတဲ့ CCleaner ဟာ သူကူးစက်ထားတဲ့ စက်မှ ကွန်ပျူတာနာမည် ၊ IP address ၊ installed သွင်းထားတဲ့ ဆော့ဖ်ဝဲလ်စာရင်း ၊ active ဖြစ်နေတဲ့ သုံးနေကျ ဆော့ဖ်ဝဲလ်စာရင်းနဲ့ တစ်ခြား network adapter များစာရင်းကို အမေရိကန်မှာ ရှိနေတဲ့ Third party ဆာဗာစက်တစ်ခုဆီကို ဒေတာလွှဲပြောင်းပေးနေတာပါ။


Avast အနေနဲ့ အမေရိကန်ဥပဒေအဖွဲ့ အစည်းများနဲ့ ပူးပေါင်းပြီး ဒီဆာဗာကို စက်တင်ဘာလ ၁၅ ရက်နေ့ မှာ shut down ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ CCleaner ဟာ သုံးစွဲသူ သန်း ၁၃၀ ရှိပြီး ဒီထဲက ၁၅ သန်းဟာ အန်းဒရိုက်စနစ်သုံးနေတာ ဖြစ်လို့ စိုးရိမ်မှုများ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ ကုမ္ပဏီကတော့ CCleaner ထည့်ထားတဲ့ 32 -bit Windows စနစ်သုံးကွန်ပျူတာ ၂.၂၇ သန်း ဟာ malware ကိုက်ခံထားလိမ့်မယ်လို့ လည်း ခန့် မှန်းထားပါတယ်။

===========

Duwun
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.