လာမယ့် ရက်ပိုင်းအတွင်း H1N1 ရောဂါ ကာကွယ်ဆေး အစီအစဉ်တွေ စမယ်



H1N1 ရောဂါဖြစ်ပွားမှု အထွဋ်အထိပ်ကနေ ကျော်ခဲ့ပြီ ဖြစ်ပေမယ့် သတိနဲ့ နေထိုင်ဆောင်ရွက်ဖို့ လို
မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေး H1N1 ဗိုင်းရပ်စ်ပိုး ကူးစက် ဖြစ်ပွားမှု ၂လ ကျော် ကာလအတွင်း ရောဂါပိုးကူးစက်တဲ့ လူနာ ၃၇၅ ဦး ရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၃၆ ဦးရှိခဲ့ပါတယ်။

ရောဂါ စဖြစ်ပွားချိန်တုန်းက လူတိုင်းကို ကာကွယ်ဆေး ထိုးပေးဖို့ မတတ်နိုင်တဲ့အတွက် ရောဂါကူးစက်နိုင်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုပဲ အဓိကထား ကာကွယ်ဆေး ထိုးပေးခဲ့ရတယ်လို့ သိရပါတယ်။

အခု အိန္ဒိယနဲ့ တရုတ်က H1N1ရောဂါကာကွယ်ဆေး နှစ်သိန်းလောက် မြန်မာနိုင်ငံအတွက် လှူဒါန်းထားကြောင်းနဲ့ မကြာခင် ရက်ပိုင်းအတွင်း အစီအစဉ်တွေ ချပြီး ကာကွယ်ဆေးတွေ ထိုးပေးဖို့ ရှိကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

ရောဂါ ဖြစ်ပွားမှုနှုန်းများတဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတွေက မြို့နယ်အချို့နဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းက လူစုလူဝေးနဲ့ နေထိုင်တဲ့ IDP ဒုက္ခသည် စခန်းက လူတွေကို လာမယ့် သီတင်း တပတ်အတွင်း H1N1ရောဂါကာကွယ်ဆေးတွေ ထိုးပေးသွားဖို့ စီစဉ်နေတယ်လို့ သူက ပြောပါတယ်။

အခုအခါ H1N1ရောဂါ ဖြစ်ပွားမှု အထွဋ်အထိပ်က ကျော်ခဲ့ပြီ ဖြစ်ပြီး အကျဘက်ကို ဆင်းသွားပြီ ဖြစ်ကြောင်း၊ ရာသီရဲ့ သဘာဝအရတော့ လေထုထဲမှာ ရောဂါပိုးက ရှိနေဆဲ ဖြစ်ပြီး သတိနဲ့ ဆောင်ရွက်ဖို့ လိုကြောင်း ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.