ရခိုင်ပြည်နယ်တွင်း INGO တွေ လှုပ်ရှားမှုကို ကန့်သတ်လာ



 မောင်တောကနေ စစ်တွေကို ပြေးလာတဲ့သူတွေ
မတည်ငြိမ်မှုတွေ ဆက်လက် ရှိနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကူအညီပေးရေး နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ကိုယ့်သဘောနဲ့ ကိုယ် သွားလာ ဆောင်ရွက်ခွင့် ရှိတော့မှာ မဟုတ်ပဲ ပြည်နယ် အစိုးရနဲ့ ပူးတွဲဆောင်ရွက် ရမယ်ဆိုပြီး ပြည်နယ် အာဏာပိုင်တွေ ဘက်က ကန့်သတ် လာပါတယ်။

အဲဒီ နိုင်ငံတကာ ပရဟတိတ အဖွဲ့တွေ အနေနဲ့ ဗဟိုအစိုးရ အဆင့်နဲ့ကြား နားလည်မှု စာချုပ်တွေ ချုပ်ဆိုရမယ့် အပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ခွင့်ပြုချက် ရမှသာ ရခိုင် ပြည်နယ်ကို လာရောက်ခွင့် ရှိမှာ ဖြစ်တယ်လို့ ပြည်နယ် အစိုးရ အတွင်းရေးမှုး ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲ ရောက်လာတဲ့ အခါမှာလည်း ပြည်နယ် အစိုးရထံ သတင်းပို့ဖို့ လိုအပ်သလို၊ ပြည်နယ် အာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့သာ သွားလာ လှုပ်ရှားရမှာ ဖြစ်တယ်လို့ ဦးတင်မောင်ဆွေ က ဆိုပါတယ်။

မောင်တော ဒေသထဲမှာ နိုင်ငံတကာ INGO အဖွဲ့တွေ များပြား လွန်းနေခဲ့ပြီး၊ တိုက်ခိုက်မှုတွေ ဆောင်ရွက်လာသူတွေ ဆီက သိမ်းဆည်း ရမိတာတွေထဲ အဲဒီ အဖွဲ့အစည်းတွေရဲ့ တံဆိပ်တွေ ပါတဲ့ အိတ်ခွံတွေ ပစ္စည်းတွေ တွေ့ရတဲ့နောက် ပြည်နယ်သူ ပြည်နယ်သားတွေ အနေနဲ့ INGO တွေ အပေါ် ဆန့်ကျင် လာခဲ့ကြတယ်လို့ ဦးတင်မောင်ဆွေ က ပြောပါတယ်။

ဒီလို စီမံ လာရပေမယ့် ရခိုင်ပြည်နယ်ထဲ နိုင်ငံတကာ အထောက်အပံ့တွေကို ပိတ်ပင် တားဆီးတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလို့လည်း ဦးတင်မောင်ဆွေ က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.