ရန်‌ကုန်‌‌လေဆိပ်‌ကို Level 2 အဆင့်‌ လုံခြုံ‌ရေးချမှတ်‌ကာ ၂၄နာရီ ဝန်‌‌ဆောင်‌မှု‌ပေးလျက်‌ရှိ။


ရန်ကုန်၊ စက်တင်ဘာ ၁၄

မသင်္ကာဖွယ်‌ နိုင်‌ငံခြားသားများ မဝင်‌‌ရောက်‌နိုင်‌ရန်‌ ရန်‌ကုန်‌‌လေဆိပ်‌ကို
Level 2 အဆင့်‌ လုံခြုံ‌ရေးချမှတ်‌ကာ ၂၄နာရီဝန်‌‌ဆောင်‌မှု‌ပေးလျက်‌
ရှိသည်‌ဟု လေဆိပ်‌လုံခြုံ‌ရေး ကြီးကြပ်‌မှု‌ကော်‌မတီ ဥက္ကဌ ရဲမှူးချုပ်‌ မြဝင်း
က‌ပြောသည်‌။

"‌လေဆိပ်‌လုံခြုံ‌ရေးကို Level 2 အဆင့်‌ချထားတာပါ။‌လေယာဉ်‌‌ပေါ်မှာ မသင်္ကာသူပါလာတယ်‌ဆိုရင်‌ ဟိုဘက်‌က‌နေပြီး Blacklist စာရင်းကို
နည်းပညာအသုံးပြု ပြီးပို့ခိုင်းထားတယ်‌။ အ‌ရေး‌ပေါ်ကာလဖြစ်‌တဲ့အတွက်‌ သက်‌ဆိုင်‌ရာလဝက အဖွဲ့အစည်း၊သက်‌ဆိုင်‌ရာဌာန‌တွေနဲ့ အသင်းဖွဲ့ ပြီးလုပ်‌‌ဆောင်‌‌နေပါတယ်‌"ဟု ၎င်းက‌ပြောသည်‌။

ရန်‌ကုန်‌အပြည်‌ပြည်‌ဆိုင်‌ရာ ‌လေဆိပ်‌သည်‌ မြန်‌မာနိုင်‌ငံတွင်‌ အကြီးဆုံး
ဖြစ်‌ပြီး နေ့စဉ် ပြည်‌တွင်းပြည်‌ပ ခရီးသွားဧည့်‌သည်‌ ‌ခုနှစ်‌‌ထောင်‌မှ တ‌စ်‌‌သောင်းဝန်းကျင်‌သွားလာလျက်‌ရှိ‌ကြောင်း ရဲမှူးချု ပ်‌မြဝင်းက‌ပြောသည်‌။

ပြီးခဲ့သည့်‌စက်‌တင်‌ဘာ ၁၀ရက်‌‌နေ့က စင်္ကာပူနိုင်‌ငံသို့ ခန့်‌မှန်းတန်‌ဖိုးမြန်‌မာ‌
ငွေကျပ်‌၅၄၈၇သိန်းတန်‌ဖိုးရှိ အ‌မေရိကန်‌‌ဒေါ်လာများနှင့်‌ အိန္ဒိယနိုင်‌ငံသုံး
ရူပီ‌ငွေများ တရားမဝင်‌သယ်‌‌ဆောင်‌မှုကို ဖမ်းဆီး‌ဖော်‌ထုတ်‌နိုင်‌ခဲ့သည့်‌
တပ်‌ဖွဲ့ဝင်‌များကို ဖမ်းဆီးပစ္စည်းတန်‌ဖိုး၏ ၃၀ရာခိုင်‌နှုန်းအား အမှုပြီးပြတ်‌ချိန်‌
တွင်‌ ခံစားခွင့်‌ပြုမည်‌ဖြစ်‌ပြီး ရာထူးတိုးခြင်းကဲ့သို့‌သော ချီးမြှင့်‌မှုများလည်း လုပ်‌‌ဆောင်‌‌နေ‌ကြောင်း ၎င်းက‌ပြောသည်‌။
Popular News Journal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.