တယ်လီဖုန်း မက်ဆေ့ များ (Message) ၊ ဖေ့ဘုတ်စ်များ (Facebook) ၊ မက်ဆင်ဂျာများ (Messenger) မှ သွေးထိုးလှုံ့ဆော်မှု ဖြန့်ဝေသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်


နေပြည်တော် စက်တင်ဘာ ၉

မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများထံသို့ တယ်လီဖုန်း မက်ဆေ့များ (Message) ၊ ဖေ့ဘုတ်စ်များ (Facebook) ၊ မက်ဆင်ဂျာများ (Messenger) မှ တစ်ဆင့် စက်တင်ဘာလ ၁၁ ရက်နေ့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်နေသည် ဆိုသည့် သတိပေး သွေးထိုးလှုံ့ဆော်မှုများ ဖြန့်ဝေနေသည်ကို သိရှိနေရပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်မည်ဆိုသည့် သတင်းကြားသိချိန်မှစတင်ပြီး အများပြည်သူများသို့ သတိပေး ထုတ်ပြန်ချက်များ ထုတ်ပြန်ထားပြီး တစ်ဖက်ကလည်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

မတူညီသည့် လူ့အဖွဲ့အစည်း နှစ်ရပ်အကြား တယ်လီဖုန်း မက်ဆေ့များ (Message) ၊ ဖေ့ဘုတ်စ်များ (Facebook) ၊ မက်ဆင်ဂျာများ (Messenger) မှ သွေးထိုးလှုံ့ဆော်သည့် သတင်းများ ဖြန့်ဝေခြင်း မပြုကြ ရန်နှင့် ဖြန့်ဝေပေးပို့လာမှုများ ရှိပါက ပေးပို့လာသူများအား တာဝန်ရှိသူများထံ ဆက်သွယ်သတင်းပေး ကြပါရန် အသိပေးအပ်ပါသည်။

ပြည်သူများကြားတွင် အထိတ်တလန့် ဖြစ်စေသည့် ယင်းလုပ်ရပ်များကို လူ့အဖွဲ့အစည်း နှစ်ရပ်လုံးမှ ဆောင်ရွက်သည်ဟု ယူဆပါကြောင်း၊ ယင်းသို့ သွေးထိုးလှုံ့ဆော်မှု ဆောင်ရွက်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.