ရဲအောင်လံကားချောက်ထဲကျမှု့ တွင် ၅ ဦးသေဆုံးဟု MFSD သတင်းထုတ်ပြန်၊ မိုးမေတ္တာနာရေးကူညီမှုအသင်းနှင့်ပရဟိတအဖွဲ့စည်းများ ကူညီကယ်ဆယ်



ရခိုင်ပြည်နယ်တောင်ကုတ်မှရန်ကုန်တိုင်းဒေသကြီး ဒလမြို့ ရှိ
ဘုန်းတော်ကြီးပျံပွဲသို့ သွားရန် ထွက်ခွာလာသည့် “ရဲအောင်လံ” စင်းလုံးငှား အမြန်ယာဉ်တိမ်းမှောက် ( ယမန်နေ့ ၊ စက်တင်ဘာ ၁၈၊ ကနဦးသတင်းဖော်ပြပြီး) မှု့ မှ စုစုပေါင်း ၅ ဦးသေဆုံးခဲ့ကြောင်း Myanmar Fire Services Department ( MFSD ) က သတင်းထုတ်ပြန်ထားသည်။

( MFSD ) ၏ သတင်းထုတ်ပြန်မှု့ တွင်

- တောင်ကုတ်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်းခိုင်မောင်လေး
မောင်းနှင်လာသော ယာဉ်အမှတ် (၆က/၂၉၃၉) ဟွန်ဒိုင်း(ဖြူ/နီကြား)
“ရဲအောင်လံ” စင်းလုံးငှား အမြန်ယာဉ်သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်း မြို့နယ်၊ ညောင်ကျိုးကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာအနီး မိုင်တိုင်အမှတ်(၄၂/၅)နှင့် (၄၂/၆)ကြားတွင် စက်တင်ဘာ ၁၈ ည ၈း၃၀ နာရီက အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက် အနက်ပေ(၇၀)ခန့်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ခဲ့ကြောင်း၊

- အဆိုပါသတင်းကို ည ၉း၄၀ နာ၇ီတွင် ရရှိခဲ့ကြောင်း၊

- ပြည်မြို့ နယ်မီးသတ်စခန်းမှ သန္ဓေ(၉)ဦး၊ ပန်းတောင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၃)ဦး၊ ဥသျှစ်ပင် နယ်မြေမီးသတ်စခန်းမှ သန္ဓေ(၂)ဦး၊ စုစုပေါင်းသန္ဓေ(၁၄)ဦး၊ အရန်(၂၇)ဦးတို့သည် ပြည်မြို့နှင့် ဥသျှစ်ပင်မြို့တို့ရှိ
လူမှုကူညီရေး အသင်းအဖွဲ့မှ သူနာတင်ယာဉ်(၂၀)စီးဖြင့် လိုက်ပါ၍
သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း

- ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် ခရီးသည် ကျား(၃၀)ဦး၊ မ(၂၂)ဦး၊ စုစုပေါင်း(၅၂)ဦးပါသင်ခဲ့ကြောင်း

- ယာဉ်တိမ်းမှောက်ချိန်တွင် ကျား(၃)ဦး၊ မ(၂)ဦး၊ ပေါင်း(၅)ဦးတို့မှာ
ယာဉ်ပေါ်မှ ထွက်ကျကျန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း

- ကျား(၂၆)ဦး၊ မ(၁၆)ဦး၊ ပေါင်း(၄၂)ဦးတို့မှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့၍ ဥသျှစ်ပင်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း

- အခင်းဖြစ်နေရာတွင် သေဆုံးသူ ကျား(၁)ဦး၊ မ(၄)ဦး၊ ပေါင်း(၅)ဦး တို့၏
ရုပ်အလောင်းများကိုသယ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း
ပါရှိခဲ့သည်။

ပရဟိတအဖွဲ့စည်းများပူးပေါင်းကူညီကယ်ဆယ်
--- ---- ---- ---

“ရဲအောင်လံ” စင်းလုံးငှား ကားမှောက်မှုဖြစ်ပွားရာတွင် ပြည်မြို့ အခြေစိုက်မိုးမေတ္တာ နာရေးကူညီမှုအသင်းကလည်း ပါဝင်ကူညီကယ်ဆယ်ပေးခဲ့ပြီး
ကားမှောက်မှုဖြစ်ပွားသော နေရာသို့ သူနာတင်ယာဉ်၃စီးဖြင့် သွားရောက်ခဲ့ပြီး အခြားပရဟိတအဖွဲ့စည်းများနှင့်ပူးပေါင်းကာ ကူညီခဲ့သည်။
တောင်အောက်ခြေရှိ ကားအတွင်းပိတ်မိနေသော လူနာများအား
အရေးပေါ်ကူညီကယ်ဆယ်ခဲ့ပြီး လူနာများကို ဥသျှစ်ပင်ဆေးရုံမှ
ပြည်ဆေးရုံသို့လွှဲပြောင်းရာတွင်လည်း အချိန်ကြန့် ကြာမှု့ မရှိစေရန် သူနာတင်ယာဉ်၂စီးဖြင့် ကယ်ရီရိုက်ပို့ဆောင်ကူညီပေးခဲ့ကြောင်း မိုးမေတ္တာ
နာရေးကူညီမှုအသင်း၏ သတင်းနှင့်ပြန်ကြားရေးက ဖော်ပြခဲ့သည်။

အချို့ သောလူမှု့ ကွန်ရက်စာမျက်နှာများတွင် သေဆုံးသူ ၁၀ ဦးရှိခဲ့ကြောင်း
ဖော်ပြခဲ့ကြသည်။

Photosး မိုးမေတ္တာ နာရေးကူညီမှုအသင်း ( ပြည် )

The Ladies News
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.