ACE ဟိုတယ်အတွင်းမှ သိမ်းဆည်းရမိသော သေနတ်ဒင်တွင် မူးယစ်ဆေးဝါးများ ထပ်တွေ့


ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သော နေပြည်တော် ဟိုတယ် ACE အတွင်း တွေ့ရှိရသော သေနတ်ဒင်အတွင်း သိမ်းဆည်းထားသော ICE မူးယစ်ဆေးဝါးများ ထပ်တွေ့ရှိခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၂၃ ရက်တွင် ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ ဟိုတယ် ACE အတွင်း မြင်းခြံဘေးရှိ မြင်းတင်သော နောက်တွဲထော်လီ အတွင်း တွေ့ရှိထားသည့် M-16 RANIERARMS စာတန်းပါ( သေနတ်နံပါတ် မပါ) ဒင်နောက်ပိုင်းဘက္ထရီထည့်သည့် အပေါက်အတွင်းမှ ICE (၃.၀၅)ဂရမ် တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဒက္ခိဏမြို့မရဲစခန်း(ပ)၃၉၆/၂၀၁၇ လက်နက် (ယာယီ) ပြင်ဆင်ချက်ဥပဒေ ပုဒ်မ ၁၉-က အမှုဖြင့် မယ(ပ) ၄/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် ဆက်လက်အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက် လယ်ဝေးမြို့နယ် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်နက်/ခဲယမ်းနှင့် စိတ်ကြွ ဆေးပြားများ သိမ်းဆည်းရမိခဲ့ရာမှ သေနတ် ၂၁ လက်အပါအ၀င် ဆက်စပ် ပစ္စည်းများ၊ မူးယစ်ဆေးဝါးများ၊ ဒရုန်းများ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

ဖြိုးကိုကိုတင့်ဆန်းအား မူးယစ်ဆေးဝါးမှု ၊ တရားမ၀င်လက်နက်ကိုင်ဆောင်မှုတို့ဖြင့် တရားစွဲဆိုထားပြီး မယ(ပ)၃/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/ ၂၁ အမှုဖြင့် ယခင်က စွဲဆိုထားခြင်း ဖြစ်သည်။

===========

Mizzima - News in Burmese

http://mizzimaburmese.com/article/33450
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.