မောင်တောမြို့ ရိုဟင်ဂျာအိမ်တချို့ မီးရှို့ခံရ



သြဂုတ်လ ၂၅ ရက်ဖြစ်စဉ်နောက်ပိုင်း အိမ်တချို့ မီးရှို့ဖျက်ဆီးခံခဲ့ရပုံ
၂၀၁၇ ခု အောက်တိုဘာလ ၅ ရက်ညနဲ့ ၆ ရက်နေ့ခင်း၊ မောင်တောမြို့ မြို့မဈေးအနီး အမှတ် ၃ ရပ်ကွက်မှာ ရိုဟင်ဂျာတွေရဲ့ အိမ် ၂၃ လုံးမီးလောင်ကျွမ်းခဲ့ပါတယ်။

မီးလောင်ကျွမ်းတဲ့အိမ်တွေဟာ မီးကူးစက်လောင်ကျွမ်းလွယ်တဲ့ ကျူးကျော်အိမ်လို အိမ်အသေးစားတွေဖြစ်တယ်လို့ ရခိုင်ပြည်နယ် အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

ဘင်္ဂါလီတွေဟာ ကိုယ့်အိမ်တွေကိုယ် မီးရှို့ထွက်ပြေးတာဖြစ်တယ်လို့လည်း ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

မီးသတ်တပ်ဖွဲ့မှူး ဦးသန်းနိုင်ကလည်း အခုမီးဟာ ရှို့မီးဖြစ်ကြောင်း ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။

မီးရှို့ထွက်ပြေးသူတွေကို ဖမ်းမိပြီလားလို့မေးရာမှာ မမိသေးဘူးလို့ ဦးတင်မောင်ဆွေက ဖြေပါတယ်။ ဒါပေမယ့် အဲဒီရပ်ကွက်ဟာ ဘင်္ဂါလီရပ်ကွက်ဖြစ်တဲ့အတွက် မီးရှို့သူဟာ သူတို့ကလွဲပြီး တခြားလူမဖြစ်နိုင်ဘူးလို့လည်း ဦးတင်မောင်ဆွေက ဆိုပါတယ်။

အဲဒီအိမ်တွေဟာ သြဂုတ်လ ၂၅ ရက် အရေးအခင်းနောက်ပိုင်းမှာ လူတွေထွက်ပြေးသွားကြတဲ့ အိမ်တွေဖြစ်တဲ့အတွက် နေထိုင်သူ မရှိဘူးလို့လည်း ဦးတင်မောင်ဆွေနဲ့ မီးသတ်တပ်ဖွဲ့မှူး ဦးသန်းနိုင်တို့က ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.