ကာလကတ္တား မြန်မာကောင်စစ်ဝန် ကားတိုက် ကွယ်လွန်


မြန်မာကောင်စစ်ဝန် စီးနင်းလိုက်ပါလာတဲ့ကား ယာဉ်တိုက်မှုဖြစ်ပွားစဉ်- သတင်းဓာတ်ပုံ အိန္ဒိယသတင်း Times of India.
အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးပြည်စိုးဟာ Kolkata ကနေ ဂါယာကို အသွား သောကြာနေ့က Jharkhand ပြည်နယ် Galagi ဒေသ အဝေးပြေး လမ်းမ အမှတ် (၂) မှာ ဖြစ်ပွါးတဲ့ ယာဉ်တိုက်မှုအတွင်း သေဆုံးခဲ့ရတယ်လို့ အိန္ဒိယက လာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

ကားထဲမှာပါလာတဲ့ ဦးပြည်စိုးရဲ့ ဇနီး Neo Aau ၊ ကိုယ်ရေးအရာရှိ Tetu Aau နဲ့ ကားမောင်းသူ Vipin Singh တို့ကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကားနဲ့ ထရပ်ကားတစီး တိုက်မိတာပါ။ ကောင်စစ်ဝန်ချုပ်က အခင်းဖြစ်ပွါးရာ နေရာမှာတင် သေဆုံးသွားတာ ဖြစ်ပြီး ဒဏ်ရာရသူတွေကိုတော့ ဒေသဆေးရုံကို ပို့ပေးခဲ့ကြတာပါ။

ဦးပြည်စိုးဟာ ၂၀၁၆ ဒီဇင်ဘာလကမှ Kolkata မှာ ကောင်စစ်ဝန်ချုပ် အဖြစ် စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ အခုလို ကောင်စစ်ဝန်ချုပ် သေဆုံးခဲ့ရမှုအတွက် အထူးဝမ်းနည်းကြောင်း Jharkhand ပြည်နယ်ဝန်ကြီးချုပ် Raghubar Das က ပြောကြားခဲ့ပြီး ကောင်စစ်ဝန်ချုပ်ရဲ့ ဇနီးနဲ့ တခြားဒဏ်ရာရသူတွေကို ပိုကောင်းမွန်တဲ့ ဆေးကုသမှု ပေးဖို ညွှန်ကြားခဲ့ပါတယ်။

ဂါယာက Jadavpur တက္ကသိုလ် နိုင်ငံတကာရေးရာ ဌာနမှာ ကျင်းပမယ့် အိန္ဒိယ- မြန်မာ ဆက်ဆံရေး အကြောင်း ဆွေးနွေးပွဲမှာ ဦးပြည်စိုးမတိုင်ခင် ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးကျော်ဆွေတင့်က အဓိကဆွေးနွေးမယ့်သူဖြစ်ပြီး ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ အသွား လမ်းမှာ အခုလို ဖြစ်ပွါးခဲ့တာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.