မြန်​မာနိုင်​ငံသည် ဘာသာ​လူမျိုး​ပေါင်းစုံ အတူယှဉ်​တွဲ​နေထိုင်​သည့်နိုင်ငံဖြစ်သည်ကို ဘာသာပေါင်းစုံဆုတောင်းပွဲက သက်​​သေပြကြောင်း ဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်း ​ပြော




မြန်​မာနိုင်​ငံသည် ငြိမ်းချမ်းသာယာပြီး ဘာသာ​ပေါင်းစုံ လူမျိုး​ပေါင်းစုံ အတူယှဉ်​တွဲ​နေထိုင်​သည့်နိုင်​ငံဖြစ်သည်ဆိုခြင်းကို ယ​နေ့ (အောက်​တိုဘာ ၁၀) ည​နေတွင်​ ရန်ကုန် ဗိုလ်ချုပ်အောင်ဆန်းဘောလုံးကွင်း၌ ကျင်းပ​သော ဘာသာပေါင်းစုံ ငြိမ်းချမ်း​ရေဆုတောင်းပွဲက သက်​​သေပြလိုက်​ခြင်းဖြစ်​​ကြောင်း ရန်​ကုန်​တိုင်းဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်းက​ပြောကြားသည်။

“နိုင်​ငံသူနိုင်​ငံသားအားလုံးဟာအတွက်​ ယ​နေ့ ဆု​တောင်​​မေတ္တာပို့သကြခြင်းဖြစ်​ပါတယ်​။ အခက်​အခဲဖြစ်​​နေတဲ့သူ​တွေ၊ ဒုက္ခ​ရောက်​​နေတဲ့သူ​တွေ အခက်​အခဲ​တွေကို ရင်​ဆိုင်​​နေကြတဲ့သူ​တွေအတွက် မေတ္တခွန်းအားတခုဖြစ်​ပါတယ်​။ ကျွန်​​တော်​တို့ ​ပေးနိုင်​တဲ့ စွမ်းအားတခုဖြစ်​ပါတယ်​။ ဒီအတွက်​ နိုင်​ငံသူနိုင်​ငံသား အားလုံး စု​ဝေးပြီး ​ ဆု​တောင်း မေတ္တာပို့ရခြင်းပဲဖြစ်​ပါတယ်​။ ယ​နေ့ ဒီပွဲဟာ ကျွန်​​တော်​တို့ နိုင်​ငံအတွင်း ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်​တဲ့ မြန်​မာနိုင်​ငံတော်​ကြီးအတွက်​ နိုင်​ငံ​တော်​ကြီးကိုဦး​ဆောင်​​နေတဲ့ နိုင်​ငံတော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ဖြစ်​တဲ့ ​ဒေါ်​အောင်​ဆန်းစုကြည်​ရဲ့ ဦး​ဆောင်​မှု​အောက်​မှာ ကျွန်​​တော်​တို့ နိုင်​ငံ​တော်​ကြီး ငြိမ်းချမ်​သာယာပါ​စေလို့ ဆု​တောင်း​မေတ္တာပို့ ပါတယ်​။ မြန်​မာနိုင်​ငံရဲ့ အ​ခြေအ​နေ အရပ်​ရပ်​ကို ကမ္ဘာကြီးက နားလည်​နိုင်​ပြီး ကျွန်​​တော်​ တို့ နိုင်​ငံဖွံ့ဖြိုးတိုးတက်​​ရေးအတွက်​ ဝိုင်းဝန်းကူညီ ​ဆောင်​ရွက်​ နိုင်​ပါ​စေလို့ ဆု​တောင်း​မေတ္တာပို့ပါတယ်​'' ဟု ဝန်​ကြီးချူပ်​က​ပြောသည်​။

ထို့အပြင်​“ကျွန်​​တော်​တို့အားလုံး ကျွန်​​တော်​တို့ အချင်းချင်း ​မေတ္တာတရားနဲ့ လက်​တွဲကြပါစို့။ ကျွန်​​တော်​တို့ရဲ့ အနာဂတ်​ကို မြန်​မာ့ဒီမိုက​ရေစီ​ခေါင်း​ဆောင်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ ရဲ့ ဦး​ဆောင်​မှုနဲ့ အတူ​ဖော်​​ဆောင်​ကြပါစို့" ဟု ၎င်းကဆက်​​ပြောသည်​။

အခမ်းအနားတွင်​ ရန်ကုန်တိုင်းသံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တဒေါက်တာဣဒ္ဓဗလမှ ဆုတောင်းမေတ္တာပို့သခြင်း၊ အစ္စလာမ်ဘုန်းတော်ကြီး၊ ဟိန္ဒူဘာသာရေးခေါင်းဆောင်၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်၊ မဟာယနဘာသာကိုယ်စားပြု ဘုန်းတော်ကြီးတပါးတို့က ဆုတောင်းမေတ္တာပို့သဟောပြောခဲ့ကြသည်​။

ဆုတောင်းပွဲကို နိုင်ငံတကာသံတမန်များ၊ အထူးဖိတ်ကြားသင့်သည်ပုဂ္ဂိုလ်များ၊ အစိုးရအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များတက်​​​ရောက်​ခဲ့ကြပြီး ဘာသာပေါင်းစုံမှ စုစု​ပေါင်း အင်​အား ၃သောင်းဝန်းကျင် တက်ရောက်ခဲ့ကြ​ကြောင်းသိရသည်​။

လင်းလင်း​အောင်
Photo-Victor
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.