ဘင်္ဂလားဒေ့ရှ်ဘက် ပြေးသူတွေ ဘာလို့ဆက်ရှိနေလဲ



သူတို့ အနေနဲ့ လူနည်းနည်း ပဲ ကျန်တော့ တောကြောင့် လုံခြုံရေး စိုးရိမ် ရတယ်လို့ ဆိုပါတယ်
ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်ဆလင် တွေဟာ မဖြစ် မနေ ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်သွားရ မယ်လို့ ARSA အစွန်း ရောက် အဖွဲ့ရဲ့ ခြိမ်းခြောက် မှုတွေ ကြောင့် သွားရတာ ဖြစ်ကြောင်း သူတို့ ကိုယ်တိုင်က ပြောဆို ပါတယ်။

ဒါမှ သူတို့ရဲ့ အောင်ပွဲ ရရှိမှာ ဖြစ်တယ်လို့ ARSA က ပြောတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ ညနေပိုင်းက ရခိုင် ပြည်နယ် ဘူးသီးတောင် ဒေသ ဝန်းကျင်က မွတ်ဆလင် ၅၀၀၀ လောက် ဘင်္ဂလားဒေ့ရှ် ကို သွားဖို့ ထွက်လာ ကြတာကို အာဏာပိုင် တွေက တားဆီး မေးမြန်း ခဲ့တာ ဖြစ်ပါတယ်။

ထွက်ပြေးလာ သူတွေရဲ့ အဆိုအရ ဘင်္ဂလားဒေ့ရှ် ဘက်ကို ရောက် ရှိသူတွေ များနေပြီး သူတို့ အနေနဲ့ လူနည်းနည်း ပဲ ကျန်တော့ တောကြောင့် လုံခြုံရေး စိုးရိမ် ရတယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေက လုံခြုံရေး အရရော စားနပ်ရိက္ခာ အတွက်ပါ အကူအညီ အပြည့် အဝ ပေးမယ်လို့ ပြောပေမယ့် သွားကို သွားရ မယ် ဆိုပြီး သူတို့ ဆန္ဒ အတိုင်း ထွက်ခွာ သွားကြ တာလို့ မောင်တော် မြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော်က ဘီဘီစီကို ရှင်းပြ ပါတယ်။

ဒေသခံ မွတ်ဆလင်တွေ အနေနဲ့ စားရေး သောက်ရေး အခက် အခဲ ရှိတယ်၊ ဒုက္ခဖြစ် နေတယ်၊ ပြောခဲ့ရင် အာဏာပိုင် တွေက အဲဒီ ဒုက္ခရောက်နေ တဲ့ နေရာတွေကို ထိထိ မိမိ သွားရောက် အကူ အညီ ပေးနေတာကို သူကိုယ်တိုင် တွေ့မြင် နေတာ ဖြစ်တယ် လို့ ဦးလှထွန်းကျော် ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.