နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထောက်ခံပွဲ ကျင်းပ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်အရေး ဆောင်ရွက်ချက်အပေါ် ထောက်ခံပွဲကို နေပြည်တော်မှာ အောက်တိုဘာလ ၂၂ ရက်နေ့က ကျင်းပစဉ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်အရေး ဆောင်ရွက်ချက်အပေါ် ထောက်ခံပွဲကို နေပြည်တော်မှာ အောက်တိုဘာလ ၂၂ ရက်နေ့က ကျင်းပစဉ်
Photo: U Tun Tun Oo's facebook

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ဒေသအရေး ဆောင်ရွက်ချက်တွေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုတွေကို အားပေးတဲ့ လူထုထောက်ခံပွဲကို နေပြည်တော်၊ ရာဇဌာနီလမ်းမှာရှိတဲ့ ဥပ္ပါတသန္တိစေတီတော် ဘုရားပွဲကွင်းမှာ ဒီကနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

နေပြည်တော်က အရပ်ဖက်အဖွဲ့တွေက ဦးစီးပြီး ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်တဲ့အနေနဲ့ ပြုလုပ်တာဖြစ်တယ်လို့ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်သစ် က ပြောပါတယ်။

"ဦးစီးပြီးလုပ်တာကတော့ နေပြည်တော်က အရပ်ဖက်အဖွဲ့အစည်းတွေပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်တဲ့ လူငယ်အဖွဲ့တွေ များပါတယ်၊ သူတို့ဦးဆောင်ပြီးလုပ်ကြတာပေါ့၊ အင်အားအနေနဲ့တော့ ၅ သောင်းဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်"

အဲဒီအခမ်းအနားကို ဒီကနေ့ ညနေ ၄ နာရီက စတင်ပြုလုပ်နေတာဖြစ်ပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးဂျင်မီနဲ့ စာရေးဆရာ ဦးထင်လင်းဦးတို့က ဟောပြောခဲ့ကြပါတယ်။

နိုင်ငံကျော် စိန်ဒူးဝါးမင်္ဂလာဆိုင်းအဖွဲ့နဲ့ ပန်းရဲ့လမ်းတေးဂီတအဖွဲ့တို့က တက်ရောက်လာသူတွေကို ဖျော်ဖြေ ခဲ့ကြတယ်လို့ သိရပါတယ်။

နေပြည်တော်က လူထုထောက်ခံပွဲကို နေပြည်တော်ကောင်စီအဖွဲ့ဝင်တွေ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

အလားတူ ထောက်ခံပွဲတွေကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ မြစ်ကြီးနား နဲ့ ပုသိမ် စတဲ့ မြို့ကြီး တွေမှာလည်း ပြုလုပ်ခဲ့ကြပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.