မြန်မာအလုပ်သမား တစ်ထောင်နီပါးကို အလုပ်ပြန်ခန့်နိုင်ဖို့ စီစဉ်



ထိုင်းနိုင်ငံ နခွန်ပထုန်မြို့နယ်က LOTUS ဆိုဖာစက်ရုံ အောက်တိုဘာလ ၂၂ ရက်နေ့က မီးလောင်ခဲ့စဉ်။ Photo: Ye Min's facebook
အောက်တိုဘာလ ၂၂ ရက်နေ့က စက်ရုံတစ်ရုံလုံးနီးပါး မီးလောင်ကျွမ်းခဲ့တဲ့ ထိုင်းနိုင်ငံ၊ နခွန်ပထုန်မြို့နယ်က လို့စ်တက်စ် ဆိုဖာစက်ရုံက မြန်မာအလုပ်သမား တစ်ထောင်နီပါးကို အလုပ်ပြန်ခန့်ပေးနိုင်ဖို့ စက်ရုံဘက်က တာဝန်ယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စက်ရုံဘက်က အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်လို့ ပြောထားလို့  အလုပ်သမားတွေက စောင့်ဆိုင်းနေ တာဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ AAC မဟာမိတ် အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

"မီးလောင်သွားတဲ့အလုပ်ရုံမှာ လုပ်ငန်းခွဲတွေရှိတဲ့အတွက် လုပ်ငန်းခွဲတွေကို ပို့ပေးမလားတော့ မသိသေးဘူးပေါ့နော်၊ အလုပ်သမားတွေက ကျွန်တော်တို့ အကူအညီ လောလောဆယ်မလိုသေးဘူး၊ သူဌေးဘက်က အဆင်ပြေအောင်လုပ်ပေးမယ်လို့ ပြောထားတယ်၊ သူတို့ဒုက္ခရောက်ပြီဆိုပြီး ထိထိရောက်ရောက် အကူအညီ တောင်းလာတာမရှိသေးဘူး၊ အလုပ်ရုံက စီစဉ်ပေးမယ်ဆိုတာနဲ့ပဲ သူတို့ကငြိမ်နေသေးတယ်၊ အလုပ်ရုံဘက်ကတော့ လုံးဝပစ်ထားတာမျိုးတော့ မဟုတ်ဘူး၊ သူတို့ကို အဆင်ပြေအောင် ပြန်စီစဉ်ပေးမယ့် အနေအထားမှာရှိတယ်။"

အဲဒီစက်ရုံဟာ မွေ့ယာတွေ၊ ပိတ်စတွေ၊ ခေါင်းအုံးတွေ၊ အိပ်ယာခင်းတွေ ထုတ်လုပ်တဲ့စက်ရုံဖြစ်ပြီး စက်ရုံ အဆောက်အအုံရဲ့ ၈၀ ရာခိုင်နှုန်းလောက် မီးထဲပါသွားတာဖြစ်ပါတယ်။ ညပိုင်းနဲ့ နေ့ပိုင်း အလုပ်ချိန် အပြောင်းအလဲ လုပ်နေချိန်မှာ မီးစတင်လောင်ကျွမ်းတာဖြစ်တဲ့အတွက် အလုပ်သမားတွေ ထိခိုက် ဒဏ်ရာရတာတွေမရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီစက်ရုံမှာ လက်ရှိအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား တစ်ထောင်နီးပါးထဲမှာ MOU အလုပ်သမား ၄၀၀ လောက်ရှိပြီး အဲဒီအလုပ်သမား ၄၀၀လောက်ဟာ အလုပ်ဝင်တာ ၁ လကျော်သာ ရှိသေးတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.