အစ္စရေးက မြန်မာကို စစ်လက်နက်မရောင်းဖို့ ဂျူးဘာသာရေးခေါင်းဆောင်တွေတောင်းဆို



နေပြည်တော်က တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ( မတ် ၂၇-၂၀၁၇)
ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်နေတယ်လို့ ကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပြစ်တင်ဝေဖန်လိုက်ပြီးတဲ့နောက် အစ္စရေးနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုရပ်ဖို့အတွက် အမေရိကန် ဂျူးဘုန်းတော်ကြီးတွေနဲ့ ဂျူးဘာသာရေး ဓမ္မတေး သီဆိုသူ ၃၀၀ ကျော်က လက်မှတ်ထိုး တောင်းဆိုလိုက်ပါတယ်။

လူနည်းစုအပေါ် ရက်စက်စွာ လူမျိုးတုံးသတ်ဖြတ်နေတဲ့ စစ်တပ်အတွက် လက်နက်နဲ့ စစ်ရေးလေ့ကျင့်မှုပေးနေတဲ့ အမေရိကန်နဲ့ အစ္စရေးနိုင်ငံတို့ရဲ့ ပါဝင်ပတ်သတ်မှုကို အမေရိကန်နိုင်ငံသားတွေအနေနဲ့ရော ဂျူးဘာသာဝင်တွေအနေနဲ့ပါ ဆန့်ကျင်ကြောင်း ကြာသပတေးနေ့တုန်းက ထုတ်လိုက်တဲ့ တောင်းဆိုချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ကို အစ္စရေးလက်နက်ရောင်းမှု ရပ်ဖို့နဲ့ အမေရိကန်က စစ်ရေးလေ့ကျင့်ပေးနေတာတွေရပ်ဖို့ ဘာသာရေးခေါင်းဆောင်တွေက တောင်းဆိုနေကြပါတယ်။ နာဇီ ဂျာမန်တွေရဲ့ ဂျူးတွေအပေါ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ကိစ္စကို ရည်ညွှန်းတဲ့ စကားလုံး Never Again နောင်ဘယ်တော့မှ ဆိုတဲ့ စကားလုံးကို သုံးပြီး လူနည်းစုတွေအကြမ်းဖက်ခံရမှုကို အခုအခါမှာ ရည်ညွှန်းပြီး ပြောဆိုသုံးနှုန်းကြပါတယ်။

မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေမှာ ပတ်သတ်မှုမရှိဘူးလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုပါတယ်။ မြန်မာနိုင်ငံကို လက်နက်ရောင်းတဲ့ကိစ္စကို ပြန်ဆန်းစစ်နေတယ်လို့တော့ အစ္စရေးတာဝန်ရှိသူက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.